Chapter 4:Dream Boy

433 33 12
                                    

Zawgyi:
တံခါးဖွင့်​သံဟာငြင်​သာစွာထွက်​ပေါ်လာပြီး Wayဟာ သူပြန်​ရောက်​ပြီဖြစ်​ကြောင်း သူ့အမေသိစေရန်​ အရင်​နေ့တွေအတိုင်း အသိပေးလိုက်​သည်​။ဒီနေ့ကတော့နည်းနည်းထူးဆန်းနေသည်​။သူ့အမေဟာ အရင်​တုန်းကလိုသူ့ကို ဧည့်​ခန်းထဲမှာထိုင်​စောင့်​မနေမခဲ့ပါဘူး။ထို့ကြောင့်​ သူဟာမီးဖိုချောင်းထဲချောင်းကြည့်​သော်​လည်းမတွေ့ရပြန်​ပေ။ရေချိုးခန်းတံခါးဟာလည်းပွင့်​လျက်​ရှိနေတာမို့ သူ့အမေများရှိမလားဆိုပြီး ကြည့်​ပြန်​တော့လည်း မတွေ့ပေ။ဒါကြောင့်​ အမေရှိနိုင်​တဲ့တစ်​ခုတည်းသောနေရာဟာ သူမရဲ့အိပ်​ခန်းပဲဖြစ်​လိမ့်​မယ်​လို့ တွေးမိသွားသည်​။

"မေမေ အခန်းထဲမှာရှိလား?"

Runwayကအသံပြုလိုက်​သော်​လည်း မည်​သည့်​တုန့်​ပြန်​သံမျှမကြားရပါ။Runwayဟာတံခါးလက်​ကိုင်​ဘုကို လှည့်​ဖွင့်​လိုက်​တဲ့အခါမှာ တံခါးဟာလော့မချထားကြောင်းတွေ့ရသည်​။ဒါကြောင့်​ သူဟာအခန်းထဲဝင်​ဖို့ဆုံးဖြတ်​လိုက်​သည်​။တံခါးကိုအသာအယာတွန်းဖွင့်​ရင်း ဝင်​သွားတဲ့အခါမှာ သူ့အမေကိုအိပ်​ပျော်​လျက်​တွေ့ရတာမို့ Runwayရဲ့စိတ်​ဟာ စိုးရိမ်​နေရာမှ သက်​သာရာရသွားပါပြီ။ကုတင်​နားကစားပွဲပေါ်မှာတင်​ထားတဲ့ဆေးပုလင်းကြောင့်​ သူအမေဟာ အိပ်​ပျော်​စေတဲ့ဆေးအချို့ကြောင့်​ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​ပျော်​နေတာဖြစ်​ကြောင့်​ သူသဘောပေါက်​သွားသည်​။

သူဟာသူ့အမေရဲ့အခန်းကိုဝင်​ဖို့ အခွင့်​အရေးသိပ်​မရှိခဲ့တာကြောင့်​ ဒီအခန်းထဲဘယ်​အချိန်​နောက်​ဆုံးဝင်​ကြည့်​ခဲ့လဲဆိုတာတောင်​ သတိမရတော့ပါဘူး။အခန်းထဲကစင်​တွေပေါ်မှာတော့ အမျိုးမျိုးသောလေယာဉ်​ပုံစံငယ်​လေးတွေကို အစီအရီတင်​ထားပါတယ်​။Runwayကထိုစင်​လေးတွေနားချဉ်းကပ်​သွားပြီး လေယာဉ်​ငယ်​လေးတစ်​စီးကို ကိုင်​ကြည့်​နေသည်​။သူ့အမေဟာ လေကြောင်းလိုင်းနဲ့ပတ်​သက်​ပြီးအလုပ်​လုပ်​နေသူဖြစ်​တဲ့အတွက်​ လေယာဉ်​တွေကိုတော်​တော်​သံယောဇဉ်​ရှိတဲ့ပုံပါပဲ။ပြတင်းပေါက်​မှာတပ်​ဆင်​ထားတဲ့လိုက်​ကာနောက်​ကွယ်​က ညနေခင်းရဲ့နေရောင်​ဟာ သူ့အမေရှိရာဦးတည်​ထိုးကျနေတာမို့ Runwayကလိုက်​ကာကိုအလျင်​အမြန်​ဆွဲပိတ်​လိုက်​သည်​။

My Dream The Series(Myanmar Translation) Zawgyi+UnicodeWhere stories live. Discover now