သခင်​[14]

Beginne am Anfang
                                    

အဲဒါမှမဟုတ်​ရင်​...ကျွန်​​တော်​ဘာ​ကြောင့်​များ....။

မီးဖိုခန်းထဲ​ရောက်​သွား​တော့Jung Kook​တွေ့လိုက်​ရတာက သူပစ်​ချခဲ့တဲ့ ပန်းကန်​​တွေကိုထိုင်​ပြီးရှင်းလင်းသိမ်းဆည်း​နေတဲ့သူ....။

နှဖူးကစီးကျလာတဲ့​သွေး​တွေကည၀တ်​အင်္ကျီအဖြူ​ရောင်​​ကော်​လံ​ပေါ်ထိပင်​​ရောက်​​နေ​လေပြီ.....။

ဒီ​လောက်​ဖြစ်​​နေတာကိုမနာတာလား....။ မနာချင်​​ယောင်​​ဆောင်​​နေတာလား....။

ဒီ​လောက်​လူသနားရ​အောင်​မ​နေပါနဲ့လို့သတိ​ပေး​နေရက်​နဲ့....။

အမှန်​​တော့Kim Tae Hyungဆို​သောလူသားသည်​ Jeon Jung Kook၏ နှလုံးသားဘယ်​​လောက်​ထိမာနိုင်​မလဲဆိုတာကို နည်းအမျိုးမျိုးနဲ့စမ်းသပ်​​နေ​လေသည်​.....။

ခင်​ဗျားရဲ့မျက်​ရည်​တစ်​စက်​နဲ့ ကျွန်​​တော့်​ဘက်​ကအလံဖြူပြချင်​​နေပြီဆိုတာ ခင်​ဗျားသိရင်​ကျွန်​​တော့်​ကိုဟားတိုက်​​နေမှာလား....။

"Kim Tae Hyung...ခင်​ဗျားထွက်​လာခဲ့..."

လက်​​မောင်းရင်းက​ဆောင့်​ဆွဲပြီးဘာမှပြန်​မ​ပြောနိုင်​ခင်​မှာ ဧည့်​ခန်းထဲသို့ ဆွဲ​ခေါ်လာခဲ့လိုက်​သည်​....။

"တစ်​စက်​မှမလှုပ်​ဘဲဒီမှာထိုင်​​နေ..."

"Jung..."

"ပါးစပ်​လည်းမလှုပ်​နဲ့...."

စောဒကတက်​ဖို့ဟန်​ပြင်​​နေတဲ့အ​ကြောတင်းကိုဘာမှဆက်​မ​ပြောနိုင်​​အောင်​ပိတ်​​ဟောက်​ခဲ့ကာ Jung Kook အခန်းထဲတွင်​ရှိ​သော ​ဆေး​သေတ္တာကို သွားတက်​ယူလိုက်​သည်​.....။

အေ​​နာက်တွင်ထိုင်ေ​​​နတဲ့သူရဲ့ နှုတ်​ခမ်းပါး​လေး တွန့်​ချိုးကာ အပြုံးပန်း​လေးပွင့်​သွားသည်​ကို​တော့ ၀ုန်းဒိုင်းကျဲ​နေသည့်​Jung Kook မမြင်​မိလိုက်​​ချေ.....။

_

_________________________________________________

အ!!

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Wo Geschichten leben. Entdecke jetzt