Jung Kook Birthday Extra [ Part 1]

4K 374 13
                                    

နံနက်ခင်း၏ ရှေ့တော်ပြေး ရောင်နီများဖြာကျလာခြင်းနှင့်အတူ သက်ရှိလူသားများသည်လည်း တစ်နေ့တာကိုအစပြုဖို့ရန်အတွက် အသက်ဝင်နိုးကြားလာခဲ့ကြလေပြီ ။

ခမ်းနားထည်ဝါလှသော အဖြူရောင်စံအိမ်ကြီးတည်ရှိရာ

ခြံဝန်းကျယ်တစ်ဖက်တစ်ချက်တွင် အပြည့်စိုက်ထားသော နှင်းဆီပန်းခင်းလေးထဲတစ်ယောက်သောသူသည် ရေဖြန်းသည့်ပိုက်တစ်ချောင်းဖြင့်အလုပ်များလျက်ရှိနေလေသည် ။

သဘာဝအလျောက်ပွင့်လန်းနေသည့်နှင်းဆီနီနီတို့သည်အလွန်တရာမှ လှပနီစွေးနေသည့်အပြင် ရနံ့သင်းသင်းကလည်း သူ၏စိတ်အစဉ်ကို နူးညံ့ကြည်နူးမှုများပေးစွမ်းနိုင်လေသည် ။

ယောင်္ကျားလေးတစ်ယောက်က ပန်းမကြိုက်ရဘူးဆိုသည့် စကားကိုမည်သူကဆိုခဲ့လေသနည်း ။ လူတိုင်းကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲလေ ။ အလှတရားကိုသက်ရှိတိုင်း ခံစားပိုင်ခွင့်အပြည့်ရှိသည်မဟုတ်ပါလား ။

သူသည် ခက်ထန်မာကျောသော ပေါင်းသင်းဆက်ဆံရခက်ခဲသော နူးညံ့မှုမရှိလေသော ပန်းတို့နှင့်ဆန့်ကျင်သည့် နှလုံးသား အကျင့်စရိုက်တို့ပိုင်ဆိုင်ထားသော်ငြား

နှင်းဆီနီနီတွေကို သူချစ်သည် ။ စွဲလန်းမြတ်နိုးသည် ။

နှင်းဆီတွေနည်းတူ အမြဲခက်ထန်နေတတ်သော သူ့နှလုံးသားကို နူးညံ့အောင်ဖန်တီးပေးလေသော လူတစ်ယောက်ကိုလည်း သူအတိုင်းအဆမရှိ မြတ်နိုးနှစ်သက်မိသည် ။

ထိုသူသည်ပင် ဤနှင်းဆီပန်းခင်းကြီးကို ခြံဝန်းထဲဆောင်ယူလာခဲ့ပေးခြင်းဖြစ်သည် ။

Taehyung ငယ်စဉ်ကတည်းက ရှိခဲ့ဖူးသည့် ထိုနှင်းဆီခင်းကြီးအတိုင်း Jung Kook သည်သူ့အတွက် နောက်တစ်ဖန်ပြန်လည်ဖန်တီးပေးခဲ့ခြင်းပင် ။

ပြီးခဲ့သည့်နှစ် Taehyung မွေးနေ့တုန်းက မွေးနေ့လက်ဆောင်စပရိုက်ဆိုပြီး နေ့ချင်းညချင်း ခြံဝင်းထဲရောက်လာသည့် ပန်းပင်တွေကြောင့် သူထိန်းထားသည့်ကြားက မျက်ရည်ကျခဲ့ရသည် ။

အဲဒီနေ့က " ငါမင်းကိုချစ်လိုက်တာ " ဆိုသည့်ရှားပါးစကားတစ်ခွန်းကို သူမျက်ရည်များကြား နောက်တစ်ဖန်ထပ်၍ပြောနေခဲ့မိသည် ။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now