သခင်​[10]

11.1K 1.1K 58
                                    

With Zawgyi....

ဆိုဖာ​ပေါ်တွင်​အသိမဲ့သူတစ်​​ယောက်​လိုJung Kookငုတ်​တုတ်​ထိုင်​​နေမိသည်​မှာနာရီဝက်​ခန့်​ပင်​ရှိ​နေပြီ.....။

ထိုလူသားသည်​သူ့ရင်​ခွင်​ထဲကဘယ်​လိုရုန်းထွက်​ကာဘယ်​အရပ်​ဆီ​ရောက်​သွားမှန်းလည်းသူမသိ​တော့.....။

ယခုအချိန်​ထိခန္ဓာကိုယ်​ထဲက​သွေး​တွေဆူပွက်​​နေသလိုခံစား​နေရသည်​.....။

အဲဒီအထိအ​တွေ့​တွေ....ထိုညတစ်​ညကသူ့ကိုဘယ်​လိုမှလွန်​ဆန်​လို့မရ​အောင်​ပြုစားသွားခဲ့တဲ့အဲဒီအထိအ​တွေ့​တွေ.....။

အသိစိတ်​၀င်​လာတဲ့တစ်​ခဏမှာရပ်​တန့်​လိုက်​သင့်​မှန်းသိ​ပေမယ့်​မသိ​ကျေးကျွန်​ပြုကာသူ့ကို​ရှေ့ဆက်​တိုးဖို့ခွန်​အား​တွေ​ပေး​ခဲ့တဲ့အဲဒီနူးညံမှု​တွေ....။

တစ်​ခဏတာအမှားတစ်​ခုကတစ်​ဘ၀စာ​ပေးဆပ်​ဖို့များကျိန်​စာ​တွေတိုက်​လိုက်​​လေသလား.....။

ခင်​ဗျားကအဆိပ်​တစ်​ခွက်​.....။

ချက်​ချင်း​သေ​စေနိုင်​တဲ့အဆိပ်​တစ်​ခွက်​​တော့မဟုတ်​....။

ခန္ဓာကိုယ်​အ​သွေးအသား​တွေတစ်​ခုလုံးထဲစိမ့်​ဝင်​ပျံနှံ့​နေရာယူပြီးတ​မြေ့​မြေ့နဲ့အဆိပ်​တတ်​​စေကာခံရခက်​​စေတဲ့အဆိပ်​ပြင်း.....။

အခုကျုပ်​အဆိပ်​တက်​​နေပြီခင်​ဗျားသိလား......။ 

ခင်​ဗျားကအဆိပ်​....ကျုပ်​ကအဆိပ်​မိသူ.....ဒါဆို​ဖြေ​ဆေးက​ရော.......။

____________သခင်​_________________

Companyနားရက်​မို့Jung Kook​နောက်​ကျမှအိပ်​ရာထပြီး​ရေ​သောက်​ရန်​မီးဖိုခန်းထဲဝင်​ခဲ့​တော့​အေပရွန်​တစ်​ခုဝတ်​ပြီးချက်​ပြုတ်​​နေတဲ့ထိုသူ.....။

ဟင်းအိုးကိုလှည့်​ပြီး​မွှေ​နေတာမို့ဝင်​လာတဲ့သူ့ကိုမြင်​ဟန်​မတူ.....။

ဟိုတစ်​ခုဒီတစ်​ခုနှင့်​ရှုပ်​ပွ​နေတဲ့မီးဖိုခန်းရဲ့ပုံစံကသူ့ရဲ့မကျွမ်းကျင်​မှုကိုပြ​နေသည်​.....။

နဖူးကကျလာတဲ့​ချွေးစက်​​တွေကိုလက်​ခုံနဲ့သုတ်​ရင်းကဟင်းရဲ့အ​ပေါ့အငန်​မြည်း​နေ​သောသူ့ရဲ့ပုံကိုမြင်​ရသည်​မှာမသက်​သာလှ....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now