အပိုင်း - ၁💚

Start from the beginning
                                    

"ကလေး ... ဆောရီးကွာ ... ကိုယ်အပြင်မှာစကားပြောနေလို့ကလေးခေါ်တာမကြားလိုက်ဘူး ... အမယ်လေး အမယ်လေး
မငိုပါနဲ့"

အသက်၁၈နှစ်အရွယ်ဖြစ်နေသော်လည်း ကလေးသာသာရှိသေးသည့် "သခင်" ဆိုသည့်ကောင်လေးနှင့် အသက်၃၆နှစ်အရွယ် "စေလိုရာ" ဆိုသည့်လူကြီးတို့က ချစ်သူရည်းစားတွေလို့ပြောပါလျှင်မည်သူကယုံကြမည်နည်း။ သခင်လေး ဆယ်တန်းအောင်လို့ ရန်ကုန်မှာကျောင်းလာတက်သည်။ မိဘတွေကလည်း အဆောင်မှာနေဖို့စိတ်မချလို့ ငယ်သူငယ်ချင်းဖြစ်သူ စေလိုရာ၏အိမ်တွင်နေစေ၍ကျောင်းတက်ခိုင်းရာမှ နှစ်ဦးသား ချစ်ကျွမ်းဝင်ခဲ့ကြသည်။ သခင့်မိဘ စေလိုရာ၏သူငယ်ချင်းတွေက သူတို့သားလေးနဲ့ဒီလိုချစ်သူရည်းစားဖြစ်နေကြသည်ဆိုတာကို မသိကြပါ။ သခင်ဆိုသည့်ကောင်လေးသည်လည်း ယောကျာ်းလေးလို့သာပြောရသည် ယောကျာ်းလေးနဲ့တစ်စက်မှမတူပါ။ တောင်ကြီးမှာမွေးတာဖြစ်လို့ ဖြူဖွေးနေတဲ့အသားအရည်လေးနဲ့ ချစ်ဖို့ကောင်း
တဲ့ကလေးမျက်နှာလေးကလုံးဝပျောက်ကွယ်မသွားပါ။ တစ်ခုခုဆို အဆုံးထိတွေးပြီးဝမ်းနည်းတတ်သည်။ ပုရွက်ဆိတ်ကလေးသေနေတာမြင်ရင်တောင်ငိုတတ်သည်။ ပိုးဟပ်ကလေးတွေသေနေတာမြင်ရင်လည်း အိမ်အနောက်ဘက်မှာမြေကြီးကိုတူးပြီးမြှုပ်ပေးတတ်သည်။ အရမ်းကိုစိတ်နူးညံပြီး Emotionalဖြစ်တဲ့ကလေးလို့ပြောရပေမည်။ အစကတော့ စေလိုရာလည်းအရမ်းအံ့ဩရပေမဲ့ သခင့်အဖေပြောပြမှ နားလည်လာတော့သည်။

"မငိုပါနဲ့ကလေးရယ်"

ချော့လျှင်ပိုပြီးငိုတတ်တာ ကလေးတို့ရဲ့သဘာဝပင်ဖြစ်သည်။ မျက်ရည်တွေဘူးသီးလုံးလောက်ကျပြီး ရှိုက်ရှိုက်ပြီးငိုနေလေသည်။ ရန်နိုင်လည်း သခင်လေးငိုနေသည်ကြောင့် ဖုန်းပြောနေရာကပြေးလာပြီးအနားရောက်လာသည်။

"သခင်လေးကဘာဖြစ်လို့လဲ ... ဘာလို့ဒီလောက်တောင်ငိုနေရ
တာလဲ ... ဘော့စ် ကလေးကိုဘာတွေလုပ်လိုက်ပြန်ပြီလဲ"

"သူများ ... ဟင့် သူများဦးကို ... ဟင့် အဲ့လိုမအော်နဲ့ ... နှစ်တစ်ထောင် ဟင့် ... အက်ဖ်ဖေကြီးရဲ့ ဟင့်"

သူ့ဘက်ကလိုက်ပြောပေးသည့်ရန်နိုင် ထိုင်ငိုချင်သွားသည်။ အမြဲတမ်းဒီအားနည်းချက်နဲ့ပဲအနှိမ်ခံနေရသည်။ ရန်နိုင်ဆိုတဲ့
ကောင်ကလေ တစ်ယောက်တည်းနေရတာသဘောကျလို့ ရှိသမျှမိန်းမလှလေးတွေကိုအကုန်ခါချခဲ့တာ ဘာမှတ်နေကြလဲ။

သခင့်​စေလိုရာWhere stories live. Discover now