သခင်​[13]

Start from the beginning
                                    

လှုပ်​ရှားမှု​လေးရပ်​တန့်​သွားသည်​မို့ မျက်​လုံးအစုံကိုဖွင့်​ကြည့်​လိုက်​မိ​တော့ တစ်​ဖန်​ပြန်​လည်​ ငြိမ်​သက်​ကာအိပ်​စက်​​နေ​လေပြီ...။

ရင်​ဘတ်​​ပေါ်တင်​ထားတဲ့ရှည်​သွယ်​သွယ်​လက်​​ချောင်း​တွေ​ပေါ်အကြည့်​​ရောက်​မိ​တော့ ထိရာရှရာ​အညိုအမည်း​တွေက လက်​​ချောင်းလှလှ​တွေထက်​မှာမလိုက်​ဖက်​စွာ....။

ခင်​ဗျားပင်​ပန်း​နေတာ​တွေနဲ့ အချိုးကျကျ ကျွန်​​တော့်​ရင်​ဘတ်​ထဲမှာ ​စိတ်​မ​ကောင်းခြင်း​တွေ ​ပေါက်​ဖွားလာ​အောင်​ ခင်​ဗျားဘာနည်းလမ်း​တွေများသုံးထားခဲ့တာလဲKim Tae Hyung....။

ကိုယ့်​ကိုကိုယ်​ ရက်​စက်​လွန်းသူတစ်​​ယောက်​ပမာ ဟန်​​ဆောင်​​နေခဲ့​ပေမယ့်​ အမှန်​​တော့ကိုယ်​ဟာစိတ်​ဓာတ်​​ပျော့ညံ့လွန်းတဲ့အရှုံးသမားတစ်​​ယောက်​သာ....။

ဒီအချိန်​မှာခင်​ဗျားကျွန်​​တော့်​ကိုသာ ​တောင်းပန်​ခဲ့ရင်​ ကျွန်​​တော်​ ဖြစ်​ခဲ့သမျှ အရာအားလုံးကို သင်​ပုန်း​ချေလိုက်​မိ​တော့မလားမသိဘူး Kim Tae Hyung...။

အိပ်​​မောကျ​နေသူကိုမနိုးရ​အောင်​အခန်းထဲမှ​ခြေ​ဖော့ကာထွက်​လာခဲ့လိုက်​ကာအတွင်း​ရေးမှူးYoongi Hyungထံသို့ဖုန်းဆက်​လိုက်​သည်​....။

"Hyung...ကျွန်​​တော်​အိမ်​အကူနည်းနည်း​လောက်​လိုချင်​တယ်​..."

"Jeon Jung Kook...မင်းစိတ်​က​မျောက်​စိတ်​ဖြစ်​​နေတာလား....တစ်​စက်​​လေးမှကိုအငြိမ်​မ​နေဘူး ခုတစ်​မျိုး​တော်​ကြာတစ်​မျိုးနဲ့...အစက​တော့အိမ်​အကူမလိုဘူးဆိုပြီး..."

"မနက်​ဖြန်​...မဟုတ်​ဘူး ဒီ​နေ့ပဲလိုချင်​တယ်​Hyung..please ကူညီ​ပေး.."

"​ဟေ့​ကောင်​...မရ..."

Yoongiရဲ့စကားပင်​မဆုံးလိုက်​ရ...Jung Kookတစ်​​ယောက်​ဖုန်းချလိုက်​​လေပြီ....။

Yoongiမှာ​တော့ဖုန်းကိုသာကြည့်​ရင်း​ခေါင်းတခါခါသာ....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now