"Oh Sehun လို့​ပြောရင်​Oh Luhan သိပါတယ်​"

ကြိုတင်​အ​ကြောင်းမကြားဘဲလာခဲ့မိသည့်​အပြင်​ဝန်​ထမ်း​တွေကပါ သူ့ကိုမျက်​နှာစိမ်းဖြစ်​နေသည်​မို့ သူဖုန်းကြိုမဆက်​မိတာကို အာရုံ​နောက်​ချင်​သွားသည်​။

အပြင်​ဘက်​reception မှဖုန်းဆက်​မေးမိကာမှ သူ Luhan ရှိမယ့်​ရုံးခန်းဆီ ဝင်​ခွင့်​ရသွားသည်​။

သူဝင်​လိုက်​သည်​နှင့်​ပြာပြာသဲလဲ ထလာ​သော သူ့ရဲ့ Han ငယ်​

"sorry ကိုကို ဝန်​ထမ်း​တွေကိုမ​ပြောဖြစ်​သေးလို့ အ​နှောက်​အယှက်​ဖြစ်​သွားပြီလား"

သူ့ရုံးခန်းထဲ သူ့အတွင်း​ရေးမှုး​ရှေ့ ကိုကို ဟု​ခေါ်​နေတာ သူက​တော့ဘာမှဂရုမစိုက်​သလို​ပေမယ့်​ဒီလူက​နေရခက်​သည်​မျက်​နှာပူသလိုလို ဘာလိုလို

"Sehun ကိုယ့်​ကို Sehun လို့ပဲ​ခေါ်ပါလား"

မျက်​နှာတချက်​ပျက်​သွား​ပေမယ့်​Han ငယ်​က အမြန်​ပင်​အပြုံးတပွင့်​ဆင်​လိုက်​ရင်း

"Sehun ကအ​ကြောင်းမကြားဘဲဘယ်​လို​ရောက်​တာလဲ ပြီး​တော့​နေ​ရော​ကောင်းသွားပြီလား"

Han ငယ်​ဆီမှ Sehun ဆိုသည့်​ချိုမြမြအသံ​လေးက သူ့နာမည်​ကိုပင်​အသစ်​အဆန်းလိုပြန်​ခံစားရ​စေသည်​။
ကိုကိုဆိုသည့်​နာမ်​စားကို​တော့ သူအနှစ်​သက်​ဆုံးဆို​ပေမယ့်​ပေါ့။

"​နေ​ကောင်းပါတယ်​ကျွန်​တော်​အခုကစပြီး ဒီကိုရုံး​နေ့တိုင်းလာတတ်​တော့မလို့ Director Zhang Yixing ကိုယ်​စား​ပေါ့"

Han ငယ်​က​ခေါင်းတဆက်​ဆက်​ငြိမ့်​ရင်း

"ဒါဆိုဒီမှာခန​ထိုင်​စောင့်​ပါဦး ကျွန်​တော်​ရုံးခန်းပြင်​ဖို့ စီစဉ်​ပေးမယ်​"

ခပ်​လှမ်းလှမ်းမှာ ရပ်​နေတဲ့ အတွင်း​ရေးမှုးဆီ Han ငယ်​က မှာစရာရှိတာမှာပြီး​နောက်​သူ့အ​ရှေ့မှာလာထိုင်​တယ်​။

"အလုပ်​ကိစ္စကိုယ်​သိချင်​တာ​လေး​တွေ​မေးချင်​တယ်​Han အဲ Luhan အချိန်​ရှိလားမသိဘူး"

စိတ်​ထဲမှာအထပ်​ထပ်​ခေါ်​နေတဲ့ Han ငယ်​ဆိုသည့်​အတိုင်း​ပြောထွက်​ခါနီးဆဲဆဲ သူအမြန်​ထိန်းလိုက်​ရသည်​။
Han ငယ့်​မျက်​နှာ​လေး ပြုံးကနဲ ဖြစ်​သွားတာလဲ သူမြင်​ဖြစ်​အောင်​မြင်​လိုက်​ပါ​သေးတယ်​လေ။

"Dilemma"Where stories live. Discover now