ရုတ်တရက်ကြီး တိတ်ဆိတ်ငြိမ်သက်သွားတဲ့ အခြေအနေကို Yixing hyung ဖုန်းမြည်သံက လှုပ်နှိုးလိုက်တယ်
"ကိုယ်ဖုန်းခနသွားပြောလိုက်ဦးမယ်"
Xing hyungနေရာက ထွက်သွားမှ မျက်နှာပူပူနဲ့ Han ငယ့်ကိုမော့ကြည့်မိတော့ မိုးပြိုတော့မလို ငိုချခါနီး မျက်နှာထားကြောင့်စိတ်ထဲပေါ်လာသည့်အတိုင်း မငိုပါနဲ့ Han ငယ်ရယ်ဟုပဲချော့မော့ပစ်ချင်စိတ်တွေပေါ်လာတယ်။
တယောက်မျက်နှာတယောက်အချိန်အတော်ကြာအောင်စိုက်ကြည့်နေကြသည်မှာ ဘာစကားမှမဆိုမိကြသေး
ဒီနှစ်အတောအတွင်းတွေမှာ ကိုယ်ဘယ်လောက်တယောက်ထဲရုန်းကန်ခဲ့ရတဲ့အကြောင်းတွေ အခုလိုအခြေအနေရောက်ဖို့ ဘယ်လောက်ပင်ပင်ပန်းပန်းကြိုးစားခဲ့ရကြောင်းတွေ စိတ်မကောင်းစရာ ဝမ်းနည်းစရာတွေရှိလာတိုင်း ပြိုလဲပစ်ချင်လာတဲ့ စိတ်တွေကို ဘယ်သူ့ကြောင့်တင်းထားနိုင်ခဲ့ကြောင်းတွေ ဘယ်လောက်တောင်လွမ်းဆွတ်နေခဲ့ သတိရနေခဲ့တဲ့အကြောင်းတွေကို တသီကြီးပြောပြချင်ပေမယ့်တကယ်တွေ့တော့ အားစေးမိထားသလို ဘာစကားမှထွက်မလာသည့်ကိုယ့်ကိုကိုယ်ဒေါသပင်ထွက်လာမိသည်အထိပင်။
"တခုခုသောက်ရင်းစကားပြောကြမလား ကို ကို"
မရဲတရဲ ကိုကို လို့ထွက်လာသည့်Han ငယ့်အသံလေးအကြားမှာ နှလုံးခုန်သံက မူမမှန်စွာ ဒိတ်ကနဲ
"Milk tea ပဲသောက်မလား"
"ကိုယ်မသောက်တော့ဘူး Luhan shi"
ယခုလက်ရှိအခြေအနေမှာ သူဘာကိုဝန်လေးနေမှန်းမသိစွာ Han ငယ့်ကို ပွင့်ပွင့်လင်းလင်းမဆက်ဆံနိုင်ပြန်။
Luhan shi ဆိုတဲ့ အခေါ်အဝေါ်အဆုံးမှာ Han ငယ့်မျက်ဝန်းတွေငွေရောင်လက်သွားတာကို သူမြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်
"ဒီကြားထဲအဆင်ပြေရဲ့လား Sehun shi"
ရွဲ့သည်ပဲလား တကယ်သိချင်၍မေးသည်လား မသဲကွဲအောင်Han ငယ့်မျက်နှာမှာ ဟန်ဆောင်အပြုံးတခုနှင့်
နာကျင်နေတဲ့မျက်ဝန်းတွေနဲ့ မလိုက်ဖက်အောင်ပြုံးမနေစမ်းပါနဲ့ Oh Han ရယ်
![](https://img.wattpad.com/cover/146400943-288-k327876.jpg)
YOU ARE READING
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)