🌸11🌸

2.1K 297 15
                                    

"ကိုကိုနိုးနေပြီလား"

အိပ်နေဦးမည်ထင်၍ တံခါးမခေါက်ဘဲဝင်ခဲ့ပြီးမှ ကုတင်ထက်ငူငူကြီးထိုင်နေသော ကိုကို့ကိုမြင်၍ Han ငယ် နှုတ်ဖျားက တိုးတိုးရေရွတ်မိတယ်။

သူ့အသံကြားကိုပင် မကြားသောကိုကိုက ဘာတွေဒီလောက်လေးလေးနက်နက်စဉ်းစားနေလဲစိတ်ပူရပြန်တယ်။
နောက်ထပ်အသံမပေးတော့ဘဲ ထိုင်နေသော ကိုကို့ဘေးနား ကပ်ထိုင်လိုက်ပြီး

"ဘာတွေတွေးနေတာလဲ ကိုကို"

နားနားကပ်ပြောမှ တုန်ကနဲတချက်ဖြစ်သွားပြီး သူ့ကိုလှည့်ကြည့်တယ်

"လန့်လိုက်တာ ညီရာ အသံမပေးဘဲဝင်လာရလား"

"မင်းမကြားတာလေ"

"အော် ဟုတ်လား အဟင်း"

ရီစရာမရှိတာကို အသံထွက်အောင် တချက်ရီပြတဲ့ကိုကို

"ဖျားသေးလား"

အမေးတစ်ခုနှင့်တပြိုင်နက် ကိုကို နှဖူးပေါ်လက်တင်စမ်းရင်း နွမ်းဖက်နေတဲ့ မျက်နှာနုနုနဲ့ အသက်မဲ့နေတဲ့မျက်ဝန်းတစ်စုံကို Han စိတ်မကောင်းစွာ အတန်ကြာအောင်စိုက်ကြည့်နေမိတယ်

"ကို ဘာမှမဖြစ်တော့ပါဘူး ညီရဲ့ ညီလဲကျောင်းသွားဖို့လုပ်တော့လေ"

Han ငယ့် လက်ကောက်ဝတ်က ကိုင်ပြီး နှဖူးပေါ်ရှိလက်ကိုဖယ်ချရင်း စကားဆိုတဲ့ကိုကို

"ဒီနေ့ကျောင်းမသွားဘဲနေရအောင်လား ကိုကို"

"ဘာဖြစ်လို့ ညီအတန်းပျက်မှာမကြိုက်ဘူးမဟုတ်လား"

"အရင်က မကြိုက်လဲအခုကြိုက်ပြီ ငါတို့ ကျောင်းပြေးပြီးတနေရာရာသွားမလား"

ပုံမှန်နဲ့မတူ ကျောင်းပြေးဖို့တတ်ကြွနေသော Han ငယ့်ကို ကိုကိုက မျက်ခုံးပင့်ရင်းစူးစမ်းသလိုကြည့်တယ်

"ကိုကို့ညီ စာဂျပိုး Oh Han ဟုတ်ပါတယ်နော်"

ကိုကို့စကားအဆုံးမှာ နှစ်ယောက်သား အတူရီမောမိကြတယ် မနေ့ကအဖြစ်တွေမေ့ပြီး ဒီနေ့မင်းပျော်ပျော်နေဖို့ငါ့အတွက်သိပ်အရေးကြီးနေတာ ကိုကိုသိလား။

ဖေဖေနှင့်မေမေ ကိုကျောင်းလို့လိမ်ပြောပြီး ညီအကိုနှစ်ယောက် ကျောင်းရှေ့ထိတော့ လာခဲ့ကြတယ် driver Arjushi လဲမသိစေရအောင်လေ။

"Dilemma"Where stories live. Discover now