🌸15🌸

1.9K 305 33
                                    

Han ငယ့်ရှေ့မှာ မျက်နှာငယ်နဲ့ထိုင်နေတဲ့ လူကြီးကို လက်မောင်းရင်းကဆွဲလိုက်ပြီး အပြင်ထွက်သွားဖို့ပြင်လိုက်ချိန်

"မသွားပါနဲ့ ကို ကို ကျေးဇူးပြု ပြီး"

ကျောပြင်ဘက်ကနေ ခါးကိုသိုင်းဖက်ရင်း ငိုသံတဝက်နဲ့ပြောသော Han ငယ်ကြောင့် သူပါလိုက်ပြီးမျက်ရည်ဝဲမိတယ်
ဟင့်အင်း Han ငယ် ကိုကို မင်းကိုသိပ်စိတ်ဆိုးတယ်
ကို့အဖေမှန်းသိနေရက်နဲ့ မင်းနှုတ်ဖျားက ကြမ်းကြမ်းတမ်းတမ်းနှင်ထုတ်ရက်တာ ကိုကို့ ကိုနဲနဲလေးတောင်အားမနာမိဘူးလား ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ကိုကို့ဖခင်အရင်းတဲ့လေ။

ရင်ထဲမှာသာ စကားတွေပြောနေပေမယ့် သူ့အသံတောင်မထွက်နိုင်အောင် ဆို့နင့်နေတယ်

"ခင်များက ဘာလုပ်နေတာလဲ ထလေ"

မျက်နှာချင်းမဆိုင်ရက်တဲ့ Han ငယ့်ကို ဥပေက္ခာပြုပြီး အဖေဆိုသူကို သူမဲပြီးအော်ပြောမိတယ်

လက်တွေကခါးပေါ်က Han ငယ့်လက်တွေကိုတွန်းဖယ်ရင်းနဲ့ပေါ့

"ကိုကို ငါ့ကိုမင်းတချက်လောက်တော့လှည့်ကြည့်ပါဦး"

ချော့ပြောမရ၍ ဒေါသထွက်လာပုံရတဲ့ Han ငယ့်အသံက ဆူအောင့်အောင့်

သူမွန်းကြပ်နေတဲ့စိတ်ကို လေပူတချို့မှုတ်ထုတ်ပြီး လျော့ချရင်း Han ငယ့်ဘက် လှည့်ကြည့်လိုက်တယ်

လှလှပပ ညီ့မျက်ဝန်းမှာ မျက်ရည်တွေအပြည့်နဲ့ပါလား
မငိုနဲ့လေ မျက်ရည်တွေမကျနဲ့စမ်း လို့ ပြောပစ်ချင်ပေမယ့် နာကျည်းမှုတစုံတရာဟာ သူ့နှုတ်ခမ်းတွေကို ပိတ်ပင်ထားတယ်

အဟက် အတူနေလာတဲ့ညီ့ကို အခုမှသိရတဲ့အဖေအတွက် သူစိတ်နာမိနေတယ်တဲ့လား သွေးသားဆိုတဲ့အဓိပ္ပာယ်ဟာ ဒီလောက်တောင်နက်နဲတာလား

မျက်နှာချင်းဆိုင်က Han ငယ်ဟာ သူ့ကိုမျက်ရည်တွေကြားထဲကနေပဲ အရူးလိုပြုံးပြနေပြန်တယ်

"ညီ စောစောပြန်လာမယ်ဆိုပြီးနောက်ကျသွားတာ တောင်းပန်တယ်နော် လာ ကိုကို ငါတို့အတူအိမ်ပြန်ကြမယ်လေ"

လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်းကာ တောင်းဆိုနေသော Han ငယ့် မျက်ဝန်းတွေမှာ မျှော်လင့်ချက်တွေတသီတသန်းနဲ့။

"Dilemma"Where stories live. Discover now