Kyung Sooနဲ့Sehunတို့ကတော့ ကျွန်တော်တို့ငယ်ငယ်ကတက်ခဲ့သောအထက်တန်းကျောင်းတွင်ကျောင်းဆရာတွေပြန်ဖြစ်နေကြပြီး ။ ကျန်တဲ့အစားပုတ် Jonginနှင့်Min Seokတို့နှစ်ယောက်မှာတော့ ကြက်ကြော်ဆိုင်နှင့် ပေါက်စီဆိုင်ကိုဘေးချင်းကပ်တွဲဖွင့်ပြီးဘာသာစကားသင်တန်းတွေတက်ရင်းအခုထက်ထိအစားကျူးလို့ကောင်းနေတုန်းပေ ။

နေ့ ၊ လ ၊ နှစ် ၊ ပတ်ဝန်းကျင် ၊ အပေါင်းအသင်းစသည့် အရာအားလုံးတို့ ပြောင်းသွားခဲ့သော်လည်း မပြောင်းလဲသွားသည့်အရာသည်ကားဟောင်းနွမ်းနေဆဲဖြစ်သော ရင်ထဲကဒဏ်ရာကျက်ပြီးအမာရွတ်သာထင်ပေါ်နေသော်လည်းချစ်ရသူအကြောင်းတွေးပြီးချစ်ရသူအားလွမ်းဆွတ်သတိရမိတိုင်းစူးခနဲအောင့်ကာနာကျင်လာသောအုပ်ထိန်းသူမဲ့နေသောနှလုံးသားလေးပင် ။

ကျောင်းပြီးသည်နှင့်ပြန်လာမည်ဟုတစ်ထစ်ချယုံကြည်ထားခဲ့သောနှလုံးသားပိုင်ရှင်လေးသည်ကျောင်းပြီးသွားလို့နှစ်နှစ်တိတိစွန်းသွားသည့်တိုင်မိမိရှိရာအရပ်ဒေသသို့ ပြန်မလာခဲ့ ။

နေ့တိုင်းအချိန်တိုင်းလိုလိုFollowလုပ်ထားသောချစ်ရသူ IG Accလေးတစ်ခုကသာချစ်ရသူ၏သတင်းလေးတွေကို နားစွန့်ရင်း တစ်လတစ်ခါတောင်Updateချင်မှ Updateသော ချစ်ရသူအကောင့်ထဲမှချစ်ရသူရဲ့ ဓာတ်ပုံလေးတွေကိုကြည့်ရင်း ညစဉ်ညတိုင်းငိုကြွေးရင်း အလွမ်းသယ်လို့နေမိသည်မှာကျွန်တော့်၏ဝဋ်ကြွေးတစ်မျိုးပင် ။

ဘယ်တော့ပြန်လာမလဲ ၊ ပြန်လာမလဲလို့စိတ်ထဲတွေးရင်း မျှော်ရင်းမေမေရဲ့တဇွတ်ထိုး ဆန်ဆန်လုပ်သော Noonaနဲ့ ကျွန်တော့်ရဲ့ လက်ထပ်ပွဲတို့အားကျွန်တော့်ဘက်မှအကြောင်းပြချက်အမျိုးမျိုးပေးကာရွေ့လာ တုန့်ဆိုင်းလာခဲ့သည်မှာလည်း ၆နှစ်တောင်ကြာခဲ့ပြီ ။

သို့သော်လည်း မေမေ့ရဲ့တဇွတ်ထိုးဆန်စွာထပ်လုပ်ဖို့ရည်ရွယ်နေသောNoonaနဲ့ လက်ထပ်ပွဲကို ဒီတစ်ကြိမ်တွင်ပြတ်ပြတ်သားသားငြင်းဆန်ကာလုပ်ခဲ့ပြီးသည့် စေ့စပ်ပွဲကိုပါအပြီးဖြတ်သိမ်းနိုင်ရေးအတွက် မေမေနဲ့စစ်ထိုးရန် အခုကတည်းကစပြီး အားမွေးထားရမည် ။

🍓 S . T . R . A . W . B . E . R . R . Y 🍓

" သား Chanyeol "

Scheduleတွေအကုန်ပြီးလို့အနားယူရန်အိမ်သို့ပြန်လာခဲ့ပြီးအပေါ်ထပ်ကကိုယ့်အခန်းအားသွားရန်ဧည့်ခန်း အဝသို့ဖြတ်လိုက်သည်နှင့်ထုံးစံအတိုင်းကြားလိုက်ရသည့်မေမေ့ရဲ့ခေါ်သံ ။

|| STRAWBERRY || 【SEASON - II】《COMPLETED》Where stories live. Discover now