သခင်​[8]

Start from the beginning
                                    

အတင်းရုန်းကန်​​နေတဲ့အနှီလူသားကိုဖမ်းချုပ်​အနမ်းရှည်​ကိုဖန်​တီးလို့အပြီးတွင်​Jung Kookလွှတ်​​ပေးလိုက်​သည်​နှင့်​ဆိုင်​ထဲမှ​လေအလျင်​လို​ပြေးထွက်​သွား​သောသူ....။

ဒီတစ်​ကြိမ်​မှာ​တော့ကျုပ်​နိုင်​တယ်​ဆိုတာခင်​ဗျားဝန်​ခံလိုက်​​တော့သခင်​......။

စိတ်​မ​ကောင်းစွာနဲ့ပဲခင်​ဗျားရဲ့အားနည်းချက်​ကိုကျုပ်​​တွေ့သွားပြီထင်​တယ်​.....။

_____________သခင်​_____________

Jung Kookစား​သောက်​ဆိုင်​ထဲတွင်​အချိန်​အ​တော်​ကြာ​အောင်​breakfastထိုင်​စားပြီးမှကားရှိရာကို​ရောက်​လာ​တော့​မောင်းသူ​နေရာတွင်​ထိုင်​ပြီးအိပ်​​ပျော်​​နေ​သောသူ.....။

ပါးပြင်​နုနုထက်​မှာ​နေရာယူ​နေတဲ့မျက်​ရည်​စီး​ကြောင်း​တွေ​ကြောင့်​Jung Kookမျက်​နှာတွင်​မဲ့ပြုံးတစ်​ခုချိတ်​ဆွဲလိုက်​သည်​.....။

ပျော့ညံလိုက်​တာ....။ ဒီ​လောက်​​လေးနဲ့ငို​နေလို့ဘယ်​ဖြစ်​ပါ့မလဲခင်​ဗျားရယ်​....။

အိပ်​​ပျော်​​နေသူရဲ့မျက်​နှာ​လေးကိုကြည့်​ရင်းကနမ်းလိုက်​လို့အနည်းငယ်​ဖူး​ယောင်​ချင်​​နေတဲ့နှုတ်​ခမ်း​တွေဆီအကြည့်​​ရောက်​သွား​တော့ရင်​ဘတ်​ထဲစူးခနဲ.....။

အဟက်​....။ ​တော်​သင့်​ပြီထင်​တယ်​Jeon Jung Kook...။ ဘာဖြစ်​​နေတာလဲ....။

"Kim Tae Hyung...ထ​တော့...ကားထဲမှာပါအိပ်​​နေနိုင်​​သေးတယ်​..."

ပွင့်​လာတဲ့မျက်​၀န်း​တွေကကိုယ်​နဲ့ထိပ်​တိုက်​ဆုံတဲ့အချိန်​မှာ​တော့မီးဝင်းဝင်း​တောက်​တဲ့အကြည့်​​တွေအဖြစ်​ကူး​ပြောင်းသွားသည်​....။

နှုတ်​ခမ်းကိုနာနာဖိကိုက်​ရင်းက ကားစက်​ကိုနှိုးလိုက်​သည်​....။

"ဘာစကားမှမ​ပြောနဲ့....မကြားချင်​ဘူး..."

ကား​မောင်း​နေရင်းက​နောက်​ကြည့်​မှန်​မှတစ်​ဆင့်​မြင်​​နေရတဲ့ကိုယ့်​ကိုတစ်​ခုခု​ပြောချင်​​နေသည့်​ပုံစံ​ကြောင့်​Jung Kookဦး​အောင်​​ပြောလိုက်​သည်​.....။

အမုန်းမြစ်ဖျားခံသော မြတ်နိုးခြင်းလင်္ကာ[Completed]Where stories live. Discover now