" ငါတို့စရင်းနှီးတုန်းက ငါနင့်ကိုမေးခဲ့တယ်...ဘာလို့ ငါ့ကိုမှခင်ချင်တာလဲလို့...ငါ့စိတ်ထဲလဲ အမြဲတမ်းတစ်ယောက်တည်းဖြစ်နေတဲ့နင်က ငါ့ကိုခင်ချင်တာ ငါကအပေါင်းအသင်းများလို့ နင်လဲအပေါင်းအသင်းများများရချင်လို့လို့ထင်ခဲ့မိတယ်...ဒါပေမဲ့ နင်က ငါမထင်ထားတဲ့အဖြေကိုဖြေခဲ့တယ်...ငါကနင်နဲ့တူတယ်တဲ့...သစ်သစ်...ငါအခု ခွန်းစစ်မင်းနဲ့ပတ်သတ်ပြီးလဲ အဲ့လိုမျိုးပဲခံစားနေရတယ်...နင်လဲခံစားမိမှာပါ...သူလဲ ငါတို့နဲ့တူတယ်...သူလဲ...အထီးကျန်နေတယ်..."

ဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူ ခွန်းစစ်မင်းကို တဖြည်းဖြည်းသိလာတယ်...။ ခွန်းစစ်မင်းကို သူနားလည်လာတယ်...။ ပြီးတော့ သဘောပေါက်လာတယ်...။ လူတိုင်းက အနည်းနဲ့အများတော့ အထီးကျန်နေကြတယ်ဆိုတာပဲ...။ အကြောင်းအရာနဲ့ ပုံစံသာကွဲပြားကြတာ..။ အဲ့တာအပြင်...အခက်အခဲတွေဆိုတာ သူတစ်ယောက်တည်းကြုံခဲ့ရတာမဟုတ်ဘူးဆိုတာ...ခွန်းစစ်မင်းကိုတွေ့မှ သူကောင်းကောင်းကြီးနားလည်လာမိတယ်...။

တဖြည်းဖြည်းနဲ့ သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးကို ပိုင်ဆိုင်လာရတယ်...။ သူအဲ့ကမ္ဘာလေးထဲကနေ ဘယ်ကိုမှထွက်မသွားခဲ့ဘူး...။ ဒီထဲမှာနေနေရရင် သူ့ဘဝလေးက လုံလောက်ပြီလို့ထင်ခဲ့မိတယ်...။ ဒီလိုနဲ့ တက္ကသိုလ်ရောက်တဲ့အချိန်မှာတော့ သူ့ဘဝရဲ့ ဒုတိယမိန်းခလေးနဲ့စတင်သိကျွမ်းခွင့်ရခဲ့တယ်...။ ကျောင်းစစတက်ချင်းနေ့မှာပဲ သူငယ်ငယ်ကရင်းနှီးခဲ့ဖူးတဲ့...အကိုတစ်ယောက်နဲ့ပြန်တွေ့ရတယ်...။ ပြီးတော့ သူနဲ့အတူတစ်ခါတည်း သိခွင့်ရလိုက်တာက 'Cara'...။ ပေါ့ပေါ့ပါပါးနေတတ်ပြီး ပွင့်လင်းတဲ့မိန်းခလေးတစ်ယောက်...။ လင်းခေတ်ဦးအနားမှာ အမြဲမခွဲတမ်းတွေ့ရတတ်တဲ့သူမ...။

သူ Cara ကို တစ်နှစ်ပတ်လုံး အရိပ်တကြည့်ကြည့်နဲ့နေလာခဲ့တယ်...။ Cara ရဲ့ အမူအကျင့်တွေ...အကြိုက်တွေ...မျက်နှာအမူအရာတွေကအစ အလွတ်ရနေခဲ့ပြီ...။ သူ ဘယ်အချိန်တည်းက Cara အပေါ် ခံစားချက်တွေစတင်ခဲ့တာလဲ သူမသိဘူး...။ ဒါပေမဲ့ သူသတိထားမိတဲ့အချိန်မှာတော့...သူ့ထက်နှစ်နှစ်ကြီးတဲ့ စီနီယာတစ်ယောက်အပေါ်မှာ ခံစားချက်တွေက နက်သထက်နက်နေခဲ့ပြီ...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now