" မဟုတ်ဘူး...နင်တကယ်မသိဘူးလား...နည်းနည်းလေးတောင်မရိပ်မိဘူးလား ခန့်သူ..."

" ဘာကို...နင်ဘာတွေပြောနေတာလဲ... "

" ခန့်သူ...နင်..."

လူကြောက်တတ်ပြီး ဘာဆိုဘာမှမသိတဲ့ တုံးတုံးအအကောင်လေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်...။ အချိန်တွေကြာလာတာနဲ့အမျှ... သူ့ကိုယ်သူပြောင်းလဲသွားပြီလို့ ထင်ထားခဲ့မိတယ်...။ တကယ်တန်းကျ သူကအခုထိ သူဖြစ်နေတုန်းပဲ...။ သူအခုထိ Cara နဲ့ပတ်သတ်ရင် တုံးအနေဆဲပဲ...။

သူစိမ်းတွေနဲ့ဆို စကားတွေထစ်အနေတတ်တဲ့ ခန့်သူရိန်သစ်ဆိုတဲ့ကောင်လေးက တတိယတန်းအထိသူငယ်ချင်းမရှိခဲ့ဘူး...။ အဖေနဲ့အမေကိုခွဲပြီး ရန်ကုန်မှာ အဘိုးအဘွားတွေနဲ့လာနေရတဲ့သူ့အတွက် အထီးကျန်ခြင်းဆိုတာသာ သူ့သူငယ်ချင်းဖြစ်ခဲ့တယ်...။ သူက အားလုံးရဲ့ ထမင်းသိုးဟင်းသိုးအနေနဲ့ပဲ နေထိုင်ခဲ့ရတယ်...

ဒါပေမဲ့ စတုတ္ထတန်းရောက်တဲ့အချိန်မှာတော့ သူ့ဘေးကိုကောင်မလေးတစ်ယောက်ရောက်လာခဲ့တယ်...။ ဒီကောင်မလေးကို အရမ်းသွက်ပြီးအပေါင်းအသင်းများလို့ သူသတိထားမိနေခဲ့တာကြာပြီ...။ ဒါပေမဲ့...ပုံမှန်တွဲတဲ့သူရယ်လို့တော့ သူ့ဘေးနားမှာမတွေ့ဖူးဘူး...။ တစ်ရက်...အဲ့ကောင်မလေးနေမကောင်းလို့ ကျောင်းနှစ်ပတ်လောက်ပျက်ပြီး ကျောင်းပြန်တက်တဲ့အချိန်...ပျက်သွားတဲ့စာတွေကူးဖို့ စာအုပ်ငှါးပေးမိရာကနေ သူတို့တဖြည်းဖြည်းရင်းနှီးလာခဲ့ကြတယ်...။ အဲ့တာက အခြားသူမဟုတ်ဘူး...။ ခတ်နွယ်ပဲ...။ အမှန်တော့ အရင်ကတည်းက ခတ်နွယ်ကခန့်သူရိန်သစ်ကိုတွေ့တိုင်း ရယ်ပြပြုံးပြနေကျ...။ သူကသာ ထွက်ထွက်ပြေးမိတာ ...။ နောက်ပိုင်းမှာလဲ ခတ်နွယ်က အရင်လိုအခြားလူတွေနဲ့ရောရော'ရောရောမနေတော့ပဲ...သူနဲ့သာအနေများလာတော့တယ်...။

ဒီလိုနဲ့ အလယ်တန်းရောက်တော့ သူတို့ကျောင်းကို ခွန်းစစ်မင်းဆိုတဲ့ ကျောင်းသားသစ်တစ်ယောက်ရောက်လာတယ်...။ ရေခဲရိုက်မျက်နှာ... တစ်လောကလုံးသူ့လုပ်စာထိုင်စားနေတဲ့အချိုးမျိုးနဲ့ အနှီငနဲကို ခန့်သူရိန်သစ်နည်းနည်းမှကြည့်မရခဲ့ဘူး...။ ဒါပေမဲ့...ခတ်နွယ်ကတော့ သူနဲ့ဆန့်ကျင်ဘက်...။ စတွေ့တည်းက 'ငါသူ့ကိုသဘောကျတယ်' ဆိုပြီး သူငယ်ချင်းမဖြစ်ဖြစ်အောင်လုပ်တော့တယ်...။ အစပိုင်းမှာ... သူတို့ကိုအဖတ်တောင်မလုပ်တဲ့ သကောင့်သားကို ဘာကိစ္စခတ်နွယ်က အတင်းသူငယ်ချင်းဖြစ်ချင်နေမှန်း သူနားမလည်ခဲ့ဘူး...။ သူရယ်ခတ်နွယ်ရယ် နှစ်ယောက်တည်းနဲ့ အဆင်ပြေနေပြီမဟုတ်ဘူးလားလို့...တစ်ကိုယ်ကောင်းဆန်စွာ တွေးခဲ့ဖူးတယ်...။ ခန့်သူရိန်သစ်ဖြစ်နေတဲ့ ခံစားချက်တွေကိုနားလည်တဲ့ခတ်နွယ်ကလဲ တစ်ခုပဲပြောခဲ့တယ်...။

ME, MYSELF AND MY FUCKIN' WORLD Dove le storie prendono vita. Scoprilo ora