ကျောပိုးအိတ်လေးတစ်လုံးနှင့်
ကောင်လေးတစ်ဦး ဓာတ်ပုံလေး
တစ်ပုံကိုင်ကာ ဟိုလူ့မေး ဒီလူ့မေးလိုက်လုပ်
နေလေသည်။"Miyanhae...ကျမ သူ့ကိုဒီနားမှာမမြင်မိဘူး"
"Nae..."
Jungkook ရှာနေတာ နေ့တစ်ဝက်ရှိနေပြီမို့
စတိုးဆိုင်လေးတစ်ခု ထဲတွင်သွားကာ
ရေဘူးတစ်ဘူးဝယ်၍ ပြန်ထွက်လာသည်။ထို့နောက် ဆိုင်ရှေ့မှ ချထားသော
ခုံတန်းလေးတွင်ဝင်ထိုင်ကာ
ရေသောက် အပန်းဖြေနေလိုက်သည်။သူ Gin ကိုရှာနေသည်မှာ
တရားစီရင်မှုပြီးကထဲကဆိုလျှင်
၁၅ ရက်မျှရှိနေလေပြီ။
ဆိုးလ် မြို့အနှံ့တွင် သူ့ခြေရာများ
ပင်ထပ်ခဲ့ရပြီ။Gin...။
မင်းမရှိပဲနဲ့ငါ့ဘဝကြီးက မပြည့်စုံဘူး
ဆိုတာမင်းသိရဲ့လားဟင်။ငါသာကောင်းကင်ကြီးဆိုရင်
မင်းက ငါ့ရင်ခွင်ကလမင်း။ငါသာ လေပြည်ဆိုရင်
မင်းက ငါ့ရဲ့တိမ်စိုင်။ငါသာ တေးသွားတစ်ပုဒ်ဖြစ်ရင်
မင်းက ငါ့ရဲတေးသံရှင်။ငါသာ ရေကန်ကြီးတစ်ခုဆိုရင်
မင်းကငါ့ရဲ့ အလှပဆုံး ကြာပန်း
တစ်ပွင့်။ငါသာ မိုးစက်ကလေးဆိုရင်
မင်းကငါခစားရာမြေပြင်။အလုံးဆုံပြောရမယ်ဆိုရင်။
မင်းကငါ့ရဲ့အရာရာပါ။ငါ့ဘဝရဲ့အရေးပါဆုံးလူတစ်ယောက်ပါ။
မင်းမရှိရင် ငါ့ဘဝက လကွယ်တဲ့
လမိုက်ညတစ်ခုနဲ့တူတယ်။Gin...မင်းဘယ်ဆီများရောက်လို့နေလဲ။
ငါအရမ်းလွမ်းနေပြီ။Jungkook သိပါ့မလား။
သူ့ရဲ့ အရာရာဟူသော ချစ်သူ
ကလေးကလဲ သူနဲ့ထပ်တူတွေးနေလိမ့်မယ်ဆိုတာ။အိတ်ကပ်ထဲထည့်ထားတဲ့
ဖုန်းလေးက တစ်တီတီမည်
လာတော့ Jungkook ထုတ်ကိုင်လိုက်သည်။"Yeobosayeo..."
"အေ့...Jungkook...ငါတို့သမီးလေးကို
တွေ့ပြီတဲ့..."
أنت تقرأ
You Are My Everything (Jungkook X OC)✔
عاطفيةဘုကန့်လန့်စိန် Tomboyလေး Min Hyo Gin နဲ့ကျောင်းက Bad Boy လေး Jeon Jung KookကိုHyo Gin ရဲ့အဖေကနေ Gin ကိုမင်္ဂလာပွဲကို အတင်းအကျပ်စီစဉ်လိုက်တယ်..။ နေ့တိုင်းသတ်နေကြတဲ့သူတို့နှစ်ယောက်ကတည့်လာပါ့မလား....? အချစ်တွေရော ဖြစ်လာမှာလား...