မနက်ခင်းနေရောင်ချည်ဖျော့ဖျော့က ကျနော့်မျက်နာပေါ်ကျရောက်နေသည်ကို မျက်လုံးမဖွင့်သေးခေါ်လည်းခံစားမိသည်....
ကျောင်းသွားရအုန်းမည်လေ....
ထရအုန်းမှာပေါ့....မျက်လုံးဖွင့်ကြည့်မိတော့ ဘေးနားမှာသူမရှိတော့
Inn Yoon နဲ့များလားဆိုတဲ့စိုးရိမ်ချက် တွေတန်း စီဝင်လာပြန်တယ်...အဲ့ဒိစိုးရိမ်မှုတွေက ရင်ကိုပူလောင်စေတယ်...ပူလောင်တော့တခါသောကဆိုတာကဖြစ်လာပြန်တယ်....မျက်နှာတောင်မသစ်ရသေး Jungkook ဆိုသည့်ထိုလူသားကိုသာအိမ်တွင်လိုက်ပတ်ရှာနေမိသည်...သူက ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ကော်ဖိတစ်ခွက်နဲ့ Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေပုံပဲ.....ကျနော့်ခေါင်းထဲပေါ်လာပြန်သည်....In Yoon နဲ့များ Chat နေသလားပေါ့....ကျနော်လဲ မေးကြည့်လိုက်တယ်...
"Jungkook ah ဘာတွေလုပ်"
ကျနော်မေးရင်းသူ့နားကိုထိုင်ကာ Laptop ကိုကြည့်မည်အလုပ်...သူက ချက်ချင်းပိတ်လိုက်လေသည်....
"ဘာမှမဟုတ်ပါဘူး...Gin ဘာဖြစ်လို့လဲ"
"အော်...ဘာမှမဟုတ်ပါဘူး...ကျောင်း မသွားဘူးလား"
"ဒီနေ့တော့မသွားတော့ဘူး..."
"အော်....Omm ပါ..."
Jungkook ရယ်...ဘာဖြစ်လို့လဲ....
ဘာအကြောင်းမို့လို့ငါ့ကို ဖုံးကွယ်ထားတာလဲ...
တကယ်ပဲ ငါ့ကိုညာနေတာလား...ညအိပ်ဝတ်စုံတောင်မလဲပဲ အလောတကြီးထွက်ရှာသည့်ကျနော်....တွေ့တော့လဲ ကြင်နာမှုမရပဲ..အစိမ်းသက်သက်လိုစကားသံတွေနဲ့..
ဖုံးကွယ်တာတွေလဲများနေပြီ...ငါ့ကိုချစ်တယ်ဆိုတာ...မင်းအလွယ်ပြောတတ်တဲ့ မှုသားတစ်ခုလား....ကျနော်ရဲ့ဝမ်းနည်းမှုတွေကိုမျိုသိပ်ပြီး မနက်စာတောင်မစားပဲ ကျောင်းအင်္ကျီလဲကာ ကျောင်းသိုအစောကြီးထွက်လာခဲ့သည်....
ကျောင်းကိုလဲ ခြေလှမ်းတို့က အားတင်းကာလျှောက်လာရသည်...ခြေထောက်တွေလဲ သိပ်မခိုင်ချင်...ညက အိပ်ရေးပျက်တာကြောင့်ပါမည်ထင်သည်....အိပ်ရေးပျက်သည်ဆိုတာကလဲ
အတွေးလွန်၍ ရင်ပူကာအိပ်မရနိုင်ဖြစ်ရခြင်း သာ....။
YOU ARE READING
You Are My Everything (Jungkook X OC)✔
Romanceဘုကန့်လန့်စိန် Tomboyလေး Min Hyo Gin နဲ့ကျောင်းက Bad Boy လေး Jeon Jung KookကိုHyo Gin ရဲ့အဖေကနေ Gin ကိုမင်္ဂလာပွဲကို အတင်းအကျပ်စီစဉ်လိုက်တယ်..။ နေ့တိုင်းသတ်နေကြတဲ့သူတို့နှစ်ယောက်ကတည့်လာပါ့မလား....? အချစ်တွေရော ဖြစ်လာမှာလား...