Part-52(💘💘)

Start from the beginning
                                    

မျက်ခုံးတစ်ဖက်ပင့်ကာ ခပ်တည်တည်ပြောလိုက်တဲ့ Singtoပုံစံက ထိုမိန်းကလေးအတွက်တော့ စိတ်တိုစရာကောင်းပေမယ့် Kristမျက်စိထဲတွင်တော့ အလွန်တရာကိုဆွဲဆောင်မှုရှိလွန်းနေသည်......

'နင်ကအခုငါ့ကိုအထင်သေးတဲ့ပုံနဲ့ပြောတာလား....'

'noပါ...ငါမိန်းကလေးတွေကို အထင်မသေးတတ်ပါဘူး..
အဲ့လိုဖြစ်သွားရင်လည်းsorryဘဲ'

'တောက်!!!! ငါပြောရဲတယ် Krist နင်တို့လိုယောကျာ်းလေးနှစ်ယောက်ရဲ့အချစ်ကဘယ်တော့မှ ရေရှည်ခိုင်မြဲမှာမဟုတ်ဘူး'

'ဒီစကားကိုပြန်ရုတ်သိမ်းလိုက်တာကောင်းမယ်ထင်တယ်နော် ငါနဲ့ကိုကိုရဲ့အချစ်က ဘယ်တော့မှပြိုကွဲမှာမဟုတ်ဘူး....အထူးသဖြင့် နင့်လို စိတ်ဓာတ်နဲ့အမြင်ရှိနေတဲ့သူတွေအတွက်နဲ့ပေါ့...'

'Krist...နင်..နင်..ရှက်ဖို့ကောင်းလိုက်တာ'

'ဘာ!!ရှက်ဖို့ကောင်းတယ် နင့်စကားလွန်သွားပြီနော်'

Singtoရဲ့ရုတ်တရက် ဒေါသတကြီးစားပွဲခုံကိုထုလိုက်တဲ့ အသံကြောင့် သူတို့နှစ်ယောက်အပါအဝင် ကန်တင်းမှာရှိနေတဲ့ လူတွေအားလုံးကသူတို့ဝိုင်းကို ကြည့်လာကြသည်...

Singtoကတော့ သူ့ကိုကြည့်နေတဲ့သူတွေအားလုံးကို ပြန်ကြည့်လိုက်ပြီး Kristလက်ကိုဆုပ်ကိုင်လိုက်ပြီး အပေါ်မြှောက်လိုက်ကာ...

'ဒီမှာရှိနေတဲ့သူတွေအားလုံးကိုပြောချင်ပါတယ်...
ကျွန်တော်Singtoနဲ့ Krist Perawatကအရမ်းကိုချစ်ကြတဲ့ချစ်သူတွေပါ...Kristရဲ့ချစ်သူတယောက်အနေနဲ့ ကျွန်တော်တို့နှစ်ယောက်လုံးအရေးမပါတဲ့ကိစ္စတွေနဲ့ စိတ်ရှုပ်မခံလိုတဲ့အတွက်ကြောင့် အခုလိုမျိုးအားလုံးကိုအသိပေးတာပါ'

Wowwwwww!!!!!!!

Singtoရဲ့စကားအဆုံးလူအားလုံးရဲ့ နှုတ်ဖျားက Wow..ဆိုတဲ့အသံများကသာ ထွက်ပေါ်လာကြသည်...
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်Singtoနဲ့ လူတိုင်းအားကျရလောက်အောင် ချောမောခန့်ညားတဲ့ Kristတို့က ချစ်သူတွေဆိုတာ ဘယ်သူတွေကများတွေးမိကြပါ့မလဲ........
အဲ့အထဲကမှ မိန်းကလေးတချို့ကတော့ တဝိုးဝိုးတဝါးဝါးနဲ့ အသံကုန်အော်ဟစ်ပြီး Phတွေထုတ်က တချက်ချက်နဲ့ သူတို့နှစ်ယောက်ဓာတ်ပုံတွေအသည်းအသန်ရိုက်နေလေသည်..

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now