မင်္ဂလာအချိန် မနက် ၈ နာရီ ဝန်းကျင်ခန့်မှာတော့စင်မြင့်ထက်ဆီမှ စောင်းတီးခတ်ရန် အသင့်စောင့်ဆိုင်းနေသော အမျိူးသမီးသည် သူမ၏လက်ချောင်းသွယ်သွယ်များကို အသုံးပြု၍ မင်္ဂလာစောင်းကို ငြိမ့်ညောင်းစွာ စတင်တီးခတ်လိုက်သည်။

မင်္ဂလာမောင်နှံနှင့်အတူ နှစ်ဖက်သော မိဘဆွေမျိူးများသည် သာယာနာပျော်ဖွယ် စောင်းသံနှင့်အတူမြန်မာရိုးရာဓလေ့ထုံးစံနှင့်အညီ မင်္ဂလာလျှောက်လှမ်းအတိုင်း တစ်လှမ်းချင်းလျှောက်ဝင်လာမည်ဖြစ်၏။

အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနှင့်ချောမောလွန်းကာ နို့နှစ်ရောင်အသားအရည်ကိုပိုင်ဆိုင်သောသတိုးသားဖြစ်သူသည် သူ၏ခန္ဓာ
ကိုယ်ပေါ်တွင်ဆင်မြန်းထားသော ကျက်သရေခေါင်းပေါင်း၊ စိန်တန်းများဖြင့်စီချယ်ထားသော ခဲရောင်တိုက်ပုံ ၊ ခဲရောင်ပိုးပုဆိုးတို့နှင့် လိုက်ဖက်ညီလွန်းသော်လည်း နေရကျပ်နေဟန်ရှိသည်။

"အဆင်ပြေရဲ့လား "

သတိုးသမီးက ဂျပန်ဘာသာစကားကို အသုံး
ပြု၍ တိုးဖွသောလေသံငယ်လေးဖြင့် မေးလိုက်
ကာ သတိုးသားရဲ့ နဖူးစမှာကျနေတဲ့ ချွေးစတစ်ချို့ကို တစ်ရှူးဖြင့် ခပ်ဖွဖွလေး ဖိသုတ်ပေးလိုက်သည်။

"ချစ်ရှိနေရင် အရာအားလုံး အဆင်ပြေတယ် "

ဂျပန်လူမျိူးဖြစ်သောသတိုးသားသည် သူ့ရဲ့မျက်ခွံမို့မို့အောက်က မှေးစင်းနေသော မျက်လုံးများကို ပို၍မှေးစင်းနေအောင် ရယ်မောလိုက်ပြီးရွှန်းစိုလဲ့ဖြာသော မျက်ဝန်းများဖြင့်ကြည့်လျက် သတိုးသမီး၏နဖူးပေါ်သို့ နူးညံ့စွာ အနမ်းခြွေလိုက်၏။

မျက်လုံးကလေးကိုမှိတ်ထားလျက် သတိုးသားရဲ့နူးညံ့လှသော အနမ်းပွင့်ကလေးများအား ကျေနပ်စွာခံယူပြီးသောအခါ သတိုးသမီးသည် သတိုးသား၏ လက်မောင်းတစ်ဖက်ကို ချိတ်ဆွဲလိုက်လျက် မင်္ဂလာခန်းမအတွင်းသို့ အချစ်တွေနဲ့အတူ ဘဝတစ်ခုအား အတူတကွထူထောင်နိုင်ရမည် ဟူသော စိတ်ထားကလေးနှင့်ယုံကြည်မှုအပြည့်အဝရှိနေသောခြေလှမ်းများဖြင့် တစ်လှမ်းချင်း လျှောက်ဝင်လာတော့၏

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now