ကိစ္စတွေရှုပ်ထွေးမလာခင်???...။ ဟုတ်တယ်...။ ရှိန်းဆက်ပိုင် သူ့နှုတ်ခမ်းတွေကို ပိုင်းစိုးပိုင်းနင်းလုပ်သွားပြီးတဲ့နောက်မှာ...အနှီငနဲအပေါ်ထားခဲ့တဲ့ ခံစားချက်တွေက မရောမရာဖြစ်ခြင်းဆီကိုဦးတည်လာတယ်...။ ရှေ့မှာ ရှိန်းဆက်ပိုင်ဘာလုပ်လုပ် သူ့ခံစားချက်တွေက တည်ငြိမ်နေခဲ့တယ်...။ ဒါပေမဲ့...အဲ့နေ့မှာတော့...သူ့ရဲ့နှုတ်ခမ်းသားနုနုတွေက ရှိန်းဆက်ပိုင်ရဲ့နှုတ်ခမ်းသားတွေကိုထိတွေ့နေတဲ့အချိန်...သူ့ရင်ထဲကနေ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကဆန်တက်လာခဲ့တယ်...။

အဲ့တာက...သူ့အနေနဲ့ ဘဝမှာ ပထမဆုံးအကြီးအကျယ်စိတ်လှုပ်ရှားမှုကို တွေ့ကြုံလိုက်ရတာပဲ...။ 'ဘာလို့လဲ' ဆိုတဲ့ မေးခွန်းပေါင်းများစွာက သူ့ခေါင်းထဲမယ် တဝဲဝဲလည်လို့...။ ဘာကြောင့်များ အနမ်းလေးတစ်ခုက သူ့ကိုဒီလောက်ထိဖြစ်စေခဲ့တာလဲ သူမသိဘူး...။ အနမ်းဆိုတဲ့အရာကို သူထပ်ပြီး ထိတွေ့ခံစားချင်နေမိတယ်...။ ဒါပေမဲ့...ရှိန်းဆက်ပိုင်ရဲ့အနမ်းကိုထပ်လိုချင်တာလား...ဒါမှမဟုတ်...အနမ်းသတ်သတ်ပဲလားဆိုတာကိုတော့ သူမသဲကွဲသေးဘူး...။

ခွန်းစစ်မင်း အတွေးရေယဉ်ထဲနစ်မျောနေရင်းက ခေါင်းကိုပြတင်းပေါက်ဖက်အလှည့်...ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် လင်းခေတ်ဦးကို မေးလိုက်မိတယ်...။

" ဘယ်သွားနေတာလဲ..."

" အိမ်လေ..."

" အိမ်?...ခင်များနေရာက ကျန်နေခဲ့ပြီလေ...ဘယ်အိမ်ကိုသွားနေတာလဲ..."

" ရောက်ရင်သိမှာပေါ့..."

ခွန်းစစ်မင်းဘာမှဆက်မပြောတော့ပဲ ဘေးပတ်ဝန်းကျင်ကိုသာ လိုက်ကြည့်နေမိပေမဲ့... ကြာလေသူသတိထားမိလာလေက...ကားက သူ့အိမ်ရှိရာလမ်းအတိုင်း ဦးတည်မောင်းနှင်နေတယ်ဆိုတာပဲ...။ အဲ့နောက်ခဏမှာတော့ ကားထိုးရပ်လိုက်တာကြောင့်...အပြင်ကိုကြည့်မိတော့ 'MEGA fitness' ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့လိုက်ရတယ်...။

" ဘာလုပ်တာလဲ...ကျွန်တော့်အိမ်မှာသင်မလို့လား...အဲ့လိုဆိုလဲ အိမ်ရှေ့ရောက်အောင်ရပ်လေဗျာ..."

" မဟုတ်ပါဘူး...အရင်လိုပဲ ငါ့အခန်းမှာသင်မှာ...ကဲ...ဆင်းပါ...အောက်ရောက်ရင်ပြောပြမှာပေါ့..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now