၁၆။ အသည်းကွဲခြင်း💔

Start from the beginning
                                    

ကျောင်းခန်းထဲ​ရောက်​​တော့ ကျ​နော်​ပြုံးမိသည်​...
အမြဲတမ်း​ဘေးမှာရှိ​နေ​ပေးတဲ့ သူတစ်​​ယောက်​​ပေါ့...သူက အခါတိုင်းလိုပဲ ကျ​နော့်​ကို ဂရုတစိုက်​​မေး​လေသည်​...

"ဟာ...သားရီး...မျက်​နှာလဲမ​ကောင်းဘူး....ပန်​ဒါ
ဝက်​ဝံဖြစ်​​နေပါလား....​နေမ​ကောင်းတဲ့ပုံလဲ​ပေါက်​​နေတယ်​....အိမ်​မှာဘာဖြစ်​ခဲ့တာလဲ"

ကျ​နော်​ ခပ်​ပြုံးပြုံးနဲ့ ​ခေါင်းသာခါပြလိုက်​၍

"ငါဘာမှမဖြစ်​ပါဘူး...စိတ်​မပူပါနဲ့"

"ဟုတ်​ရဲ့လားကွာ...ငါ့ကိုတစ်​ခုခုလိမ်​​နေသလိုပဲ"

တစ်​ခုခုဆို ကျ​နော့်​အ​ကြောင်းအကုန်​သိ​နေသည်​ကခက်​သည်​​လေ...သူနဲ့ကအရင်နီးဆုံးဆို​တော့
ကျ​နော်​တစ်​ခုခုဖြစ်​လာတာနဲ့တန်းသိသည်​...
ကျ​နော်​ကလဲ ဒီအ​ကြောင်း​တွေကိုသူ့ကို မ​ပြောပြချင်​ပါ....

ကျ​နော့်​​ထိုင်​ခုံဆီသို့ ​လျှောက်​လာရင်း ခေါင်း​တွေမိုက်​ကနဲတစ်​ချက်​ဖြစ်​သွားပြီ​နောက်
သိလိုက်​ရတာတစ်​ခုက ​လောကကြီးအ​မှောင်​ကျသွား​လေပြီ....

.......
.......
.......
.......
.......


"အဆင်​​ပြေရဲ့လား...Gin ah"

ကျ​နော်​သတိပြန်​ရတဲ့အချိန်​ ပထမဆုံးကြားလိုက်​တာက Hoseok ရဲ့အသံ...ကျ​နော်​မျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့...
ဖြူလွှလွှမျက်​နှာကျက်​....
ကျ​နော်​အခု ​ကျောင်း Infirmary ထဲတွင်​...
လက်​မှာလဲ ထိုးဝင်​​နေ​သော Drip ပိုက်​တချို့နှင့်​..
ကျ​နော်​ သတိရသည်​ကိုလှမ်း​အော်​မိသည်​...

"Jungkook ​ရော!?"

"Jungkook ဒီ​နေ့​ကျောင်းမလာဘူး​လေ"

"​အော်​...ဟုတ်​သား..."

ကျ​နော်​လည်း​မေ့ကုန်​ပြီ...
သူ​ကျောင်းမလာဘူးလို့​ပြောထားသားပဲကို...
ထိုအချိန်​ Nurse ကဝင်​လာသည်​...

"သမီး​လေးက အခုလို​မေ့လဲတာ..အားနည်း လို့ပါ..ညလဲမအိပ်​ဘူးထင်​တယ်​...အစား​ရောပုံမှန်​စားရဲ့လား"

"ဗျာ...ဟုတ်​..."

Nurse မကိုလိမ်​လိုက်​ချင်းသာ...
ကျ​နော်​တကယ်​ဆို မ​နေ့ကည​နေစာ​ရော ညစာ​ရောမစားရ​သေးဘူး...ဒီမနက်​လဲမနက်​စာမစားရ​သေးဘူး..

You Are My Everything (Jungkook X OC)✔Where stories live. Discover now