🧜‍♀️Final🧜‍♀️

5.3K 297 59
                                    

🧜‍♀️ရေသူမလေးကိုယ့်​ချစ်​သူ final🧜‍♀️

Irene က Jennieပါးကို နမ်းလိုက်​တာ
လီဆာမြင်​ဖြစ်​အောင်​မြင်​သွားခဲ့သည်။

အခုမှ နှလုံးသား တစ်​ခုလုံးတင်​မဟုတ်​တော့
အတွင်းကလီစာများပါ ချေမွ ခံလိုက်​ရသလို
နာကျင်​ခဲ့ပြီ။

ဒါတွေဟာ ငါလုပ်​လို့ဖြစ်​လာတာပဲလေ ။
ငါသာ လူသားတစ်​ယောက်​ကို မချစ်​ခဲ့ရင်
ငါနာရကျင်​ရမှာမဟုတ်​ဘူး။

Jennie၏အချစ်​ကို လီဆာနဲနဲတော့ သံသယ
ဝင်​သွားခဲ့သည်​။
သို့သော်​ Jennie အချစ်​ကသူမအပေါ်
တကယ်​စစ်​သည်​ဟု သိလိုက်​ရသည့်​အချိန်​က
အရမ်းကိုနောက်​ကျသွားခဲ့သည်​။

၂ယောက်​လုံးအတွက်​နောက်​ကျခဲ့သည်​။

Jennieအနေနှင့်​လည်း တွေ့သမျှ လူတိုင်းကို
လီဆာနှင့်​က သူငယ်​ချင်းပါဟုသာ ဖြေခဲ့သည်​။

သူမ၏ချစ်​သူပါဟု ကြွေးကြော်​နိုင်​သည့်​ အချိန်​၌
လီဆာ သူမဘေးမှာ ရှိမနေတော့ပေ။

တစ်​ရက်​မှာပေါ့

Jennieက အပြင်​သွားနေခိုက်​ လီဆာ့ကိုChae Young ကလျှောက်​လည်​ရန်​လာခေါ်သွားခဲ့သည်​။

တနေကုန်​လည်​ပြီးနောက်
ညဖက်​ရောက်​သောအခါ Namsan Tower
ဘက်​သွားလည်​ကြသည်​။

သို့သော်​ လီဆာ့အတွက်​ ရင်​နာစရာ ဝမ်းနည်းစရာ ခါးသီးစရာ မြင်​ကွင်းသာမြင်​ခဲ့ရသည်​။

Jennieနှင့်​ Ireneတို့ အတူတူရှိနေကြသည်​။

လီဆာရောက်​နေမှန်းသိ၍ Irene ကရုတ်​တရက်
Jennie ၏ နှုတ်​ခမ်းလေးကို နမ်းလိုက်​သည်​။
နမ်းနေတုန်းမှာပဲ

lisa-"nini"

Jennie လည်း လီဆာ့ အသံကြားသဖြင့်
နမ်းနေသည်​ကို ချက်​ချင်း ဖယ်​လိုက်​ပြီး
လှည့်​ကြည့်​လိုက်​တော့

Jennie-"ဟင်​ လီဆာ "

သို့သော်​ သူမနောက်​ကျသွားပြီ လီဆာက ငိုပြီး
အဝေးကိုထွက်​ပြေးသွားသည်​။

Irene ကJennieကို မလိုက်​စေရန်​ လက်​ကို
လှမ်းဆွဲလိုက်​သည်​။

My Girlfriend  is A Mermaid🧜‍♀️💗👧 (Jenlisa)Where stories live. Discover now