🧜‍♀️16🧜‍♀️

3.1K 272 34
                                    

       🧜‍♀️ရေသူမလေးကိုယ့်​ချစ်​သူ Part 16🧜‍♀️

🌄🌞The Next Morning🌞🌄

ညက Jennie လန့်​နေသဖြင့်
သူမ၏အခန်းတောင်​ပြန်​မအိပ်​ဖြစ်​ခဲ့ပေ။
လီဆာ၏ ရင်​ခွင်​ထဲမှာတင်​အိပ်​ပျော်​သွားခဲ့သည်​။

လီဆာကတော့ ကုတင်​ခေါင်းရင်းမှာမှီလို့ Jennie
ကတော့ လီဆာ့ရင်​ခွင်​ထဲမှာ

လီဆာ ချစ်​ရတဲ့သူနဲ့ ဒီလိုလိုက်​လာရတာ
ဒီလိုအတူတူနေနေရတာ ပျော်​ပေမဲ့လည်း
တစ်​ခုခုကသူမကိုခြောက်​လှန့်​နေသလိုလို။
Koreaမြေမှာ သူမအတွက်​ အန္တရာယ်​တစ်​ခုခု
သူမကိုစောင့်​ကြိုနေသလိုလို ခံစားနေမိသည်​။

မနက်​မှာတော့ Jennie ကအရင်​နိုးလာပြီး

ဟင်​ ငါဘယ်​လိုလုပ်​ ဒီထဲရောက်​နေတာလဲ
ဟာ..ငါကလေးရဲ့ ရင်​ခွင်​ထဲမှာ ရောက်​နေတာပဲ

ရင်​ထဲမှာ ရေပူစမ်းလေးတစ်​ခု ဖြတ်​ဆင်းသွားသလိုတော့ခံစားလိုက်​ရသည်​။

လီဆာမနိုးခင်​ မြန်​မြန်​ထလိုက်​ပြီး မနက်​စာအတွက်​ပြင်​ဆင်​နေလိုက်​သည်​။ တော်​သေးသည်​ ရက်​၅၀ vacationက မပြည့်​သေးပဲ နေလို့ရသေးသည်​မို့
သူမနှင့်​ လီဆာ အတူတူနေလို့ရသေးသည်​။

မဟုတ်​ရင်​ သူမက Entertainment ကိုသွားရင်
လီဆာကတစ်​ယောက်​ထဲနေခဲ့ရမှာ။
ဒီကြားရက်​တွေထဲ သူမလေး
တစ်​ယောက်​ထဲနေတတ်​အောင်​ ကျင့်​ပေးရမည်​။

ထိုအချိန်​ လီဆာရောက်​လာပြီး

" Morning လီဆာ"

"Morning nini "

"ရော့ လီဆာ့အတွက်​ ပန်​ကိတ်​ လေး ကိုယ်​လုပ်​ထားတာ "

"ဟင်​ လီဆာ ထမင်းစားလို့မရဘူးလား "

"ထမင်းက နေ့လည်​မှ စားရမယ်​ ခုက Niniကိုယ်​တိုင်
လုပ်​ထားတာ စား "

" ထမင်း လည်း niniကိုယ်​တိုင်​ချက်​တာမလား"

တယ်​ စကားများတဲ့ ကလေးပဲ...

"ကဲ လီဆာရယ်​ စားပါကွယ်​ "

" အွန်း"

လီဆာလည်း လက်​နှင့်​ ကိုင်​စားမည်​အလုပ်

My Girlfriend  is A Mermaid🧜‍♀️💗👧 (Jenlisa)Where stories live. Discover now