🧜‍♀️6🧜‍♀️

3K 280 16
                                    

         🧜‍♀️ရေသူမလေးကိုယ့်​ချစ်​သူ Part 6🧜‍♀️

Jennie တစ်​ယောက်​ကတော့ ကြောင်​တောင်​တောင်​ဖြင့်​သာ ကျန်​နေခဲ့သည်​။ သူမကို တစ်​ယောက်​ယောက်​က နမ်းသွားသလို ခံစားရပေမဲ့ ပတ်​ဝန်းကျင်​မှာ ကျောက်​ဆောင်​များ နှင့်​ ပင်​လယ်​ရေကလွဲ ပြီး ဘာမှရှိမနေပေ။

သူမကို မျက်​တောင်​မခတ်​တမ်း ကြည့်​နေသော
ရေအောက်​မှ လီဆာကို တော့သတိမထားမိပေ။

ရေအောက်​မှ လီဆာ တစ်​ယောက်​ကတော့ ခုချိန်​ထိ
ရင်​တွေခုန်​နေတုန်းသာ။ ရေပေါ်မှ ဟိုကြည့်​ ဒီကြည့်​လုပ်​နေသော ထိုလူသား လေးအား မော့ကြည့်​နေမိတုန်း...

Hwan-"လီဆာ လှေကြီးတစ်​စင်းလာနေပြီ အောက်​ကို ထပ်​ငုပ်​ဦး ငါတို့ကိုတွေ့သွားမယ်​ "

သူမ၏စိတ်​တွေက ထိုလူသားအပေါ်ဘယ်​လောက်​ထိ နစ်​မျောနေမှန်း သူမကိုယ်​တိုင်​တောင်​ သတိမထားမိတော့။

သူမ၏သူငယ်​ချင်းပြောမှ သတိဝင်​လာပြီး

" သြော်​ အေး အင်း အင်း"

နဲနဲလောက်​နက်​ရှိုင်းသောနေရာသို့ ထပ်​ငုပ်​ပြီး ထိုလူသားများ ဘာဆက်​လုပ်​မလဲ ကြည့်​နေမိသည်​။ လူသားများဆိုတာထက်​ သူမရဲ့ လူသားလေးပါ။

လှေပေါ်သို့ တက်​သွားပြီး လှေလည်းထွက်​ရော
လီဆာတစ်​ယောက်​ထို လှေနောက်​မှ အပြင်းအထန်
ကူးပြီးလိုက်​တော့သည်​။ လိုက်​ချင်​နေသော မသိစိတ်​က တားဆီး၍မရ။

ထိုလှေက ကမ်းခြေတစ်​ခုနား ထိမောင်းသွားသည်​။ ပြီးတော့ ကမ်းကပ်​လိုက်​ပြီး သူမရဲ့ လူသားလေးအပါအဝင်​ တခြားသော လူသား၂ယောက်​ကိုပါတွဲ၍တွေ့လိုက်​ရသည်​။ ထိုပါလာသော လူသား၂ယောက်​က သူမ၏အသေးလေးကို အလယ်​မှာထား၍ ပခုံးကို ကိုင်​ကာ ခေါ်ဆောင်​သွားကြသည်​။

လီဆာဆက်​လိုက်​လို့လည်းမရတော့။ ထိုလူသားလေး ပျောက်​ကွယ်​သွားသည်​ အထိ ပင်​လယ်​ထဲမှ လှမ်းကြည့်​ရုံမှတစ်​ပါးမတတ်​နိုင်​တော့ပေ။

Jisoo-"Jennieရယ်​ ဘာမှမဖြစ်​လို့ တော်​သေးတာပေါ့ ပြန်​တွေ့လို့ ငါစိတ်​ပူသွားတာ"

My Girlfriend  is A Mermaid🧜‍♀️💗👧 (Jenlisa)Where stories live. Discover now