Part-50(💝💝)

Start from the beginning
                                    

'အဲ့တာ...ကျွန်တော်တို့ကို အမေ သဘောတူပေးစေချင်ပါတယ်'

'သားက တကယ် Newကိုချစ်တာလား'

'ဟုတ်ကဲ့ သားတကယ် Newကိုချစ်တာပါ'

'အွမ်း....Newအတွက်သားက ~~~'

Newအမေကစကားကို ထိုနေရာတွင်ဘဲရပ်ထားပြီး ဆက်မပြောတဲ့အတွက်ကြောင့် TayရောNewပါ နောက်ပြောလာမယ့် စကားကိုစိတ်ဝင်စားနေမိသည်

'သားက Newအတွက်.... ချစ်သူကောင်း အိမ်ထောင်ဖက်ကောင်းတယောက်ဖြစ်မှာပါ'

'ဗျာ!!!!အမေ့'

ဒီအသံကတော့ Tayဆီကအသံမဟုတ်ဘဲ Newဆီကအသံပင်ဖြစ်သည်....

'အမေ~~အမေကသားကို P'Tayနဲ့တကယ်သဘောတူလိုက်တာပေါ့'

'ဟုတယ်လေ သားရဲ့ ဘာဖြစ်လိုလဲ'

'အမေက သားအတွက်အကောင်းဆုံးဘဲ....'

'အမယ်လေး....ပျော်နေလိုက်တာများ ကြည့်ပါဦး...'

'အမေ ဒါနဲ့လေ သားနဲ့ P'အကြောင်းကို အစကတည်းကရိပ်မိနေတာလား'

'အွမ်း... အမေလည်းငယ်ရာကကြီးလာတာဘဲလေသားရဲ့ သားတို့နှစ်ယောက်ရဲ့အကြည့်တွေ အပြုအမူ အပြောအဆိုတွေကိုကြည့်ပြီးနည်းနည်းတော့ ရိပ်မိတာပေါ့'

'ဟင်! !အဲ့တာကို အမေက ဘာလို့ ဘာမှမပြောတာလဲ??'

'သား မသိဘူးလား..... သားလေးပျော်ရွှင်ဖို့က အမေ့ဆန္ဒဘဲလေ..ပြီးတော့ Tayကလည်း လိမ္မာရေးခြားရှိတော့ စတွေ့ကတည်းက အမေကလည်းသားတစ်ယောက်လိုချစ်မိတာဆိုတော့ အမေလည်းဘာမှမပြောဘဲနေလိုက်တာ'

'အမေ့ကိုသားအရမ်းချစ်တာဘဲ'

'ကဲ ဒီလာပါဦး အမေ့သားနှစ်ယောက်'

Newအမေက လက်နှစ်ဖက်ကိုဆန့်တန်းပြီး ခေါ်လိုက်တော့ Tayနဲ့ Newနှစ်ယောက်လုံးလည်း နွေးထွေးလှတဲ့ Newအမေရဲ့ ရင်ခွင်ထဲမှာ ကလေးတွေသဖွယ် ပျော်ရွှင်စွာ ဝင်ရောက်ခိုလှုံနေကြတော့သည်....
ထိုအိမ်လေးအတွင်းရှိ သူတို့သုံးယောက်လုံး၏မျက်နှာထက်တွင်ဝယ် ဝမ်းသာပျော်ရွှင်မှုတို့ကအထင်းသား ရင်ထဲတွေလည်း ကြည်နူးမှုတို့က အတိုင်းသားပင်ရှိနေပေတော့သည်...





📲🎵🎵🎶

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now