Part-49(💚💚💚)

Start from the beginning
                                    

'မင်းက ဘာတွေများသိနေလို့ အခုလိုပြောရတာလဲ'

'သိတယ် အားလုံးသိတယ်...'

'မင်းက ငါ့အကြောင်း ဘာတွေများသိနေလို့လဲ'

'ဆေးစွဲနေတဲ့သူပြီးတော့ လောဘကြီးပြီးငွေမက်တဲ့သူ
ငါ့ရဲ့အကိုကို ဒုက္ခိတ ဘဝဖြစ်အောင်လုပ်ခဲ့တဲ့သူ အဲ့တာပြီးတော့ ကျုပ်ချစ်သူကို ဒုက္ခပေး မကောင်းကြံစည်ခဲ့တဲ့သူ
ထွီ..အဲ့တာနဲ့များ အကိုတဲ့..'

Singto၏ မထီမဲ့မြင်ပြောနေသောစကားတို့က Janeအတွက် အနာပေါ်တုတ်ကျသကဲ့သို့ပင်....

'တော်တော့ မင်းထပ်မပြောနဲ့တော့'

'ပြောမှာဘဲ ခများကစိတ်ဓာတ်ရော လူပါ ယုတ်ညံ့တဲ့သူ'

'ဟာ!!!မင်းတော်တော့..'

ခွပ်!!

ဒေါသဖြင့်ထိုးလိုက်တဲ့ Jane၏လက်သီးက Singto၏ ဆွဲဆောင်မှုရှိလှသော မျက်နှာလေးပေါ်သို့ကျရောက်လာတော့သည်

'မင်း ထပ်ပြောဦးမှာလား'

'ပြောမှာဘဲ...ဖြစ်နိုင်ရင် ခများကိုသတ်လို့ရရင်သတ်ပြစ်ချင်တာ'

'တောက်!!မင်းကိုဘဲငါအရင်သတ်ပြမယ်'

ခွပ်! ! ခွပ်

Jane၏နှစ်ချက်ဆင့် ထိုးချက်အပြီး Singtoမဲ့ပြုံးတစ်ခုဖြင့် ဟက်ခနဲရယ်လိုက်သည်...

'ဟျောင့်တွေ ဒီကောင်ကိုမင်းတို့ဘဲဆက်လုပ်လိုက်ကြတော့'

'ဟုတ်ကဲ့'

ခုနက Janeဘေးနားမှာရပ်နေတဲ့လူနှစ်ယောက်လည်း ရှေ့သို့တိုးလာကာ Singtoကိုခြေထောက်တွေနဲ့ရုံတင်မက လက်သီးဖြင့်ပါ ဝိုင်းထိုးနေကြတော့သည်...
Singtoလည်း အတတ်နိုင်ဆုံးပြန်ခုခံပေမယ့် သူ့လက်ကိုကြိုးတုတ်ခံထားရတဲဘအတွက် သူ့ခမျာ အောက်ကနေ မချိမဆံ့ခံနေရသည်...

အချိန်အတော်ကြာတော့ Singtoလုံးဝမခံနိုင်တော့ သူအရမ်းကိုနာကျင်နေပြီ သူ့အမြင်အာရုံတွေလည်းဝေဝါးလာခဲ့သည်
သို့သော် သူ့နားထဲတွင်တော့ အသံတွေကကြားတစ်ချက် မကြားတစ်ချက်...
.
.
ထို့နောက် တနာရီလောက်ကြာတော့ ဟိုလူနှစ်ယောက်က သူ့လက်ကကြိုးတွေကိုဖြည်ပေးကာ တနေရာသို့ဆွဲခေါ်သွားကြပြန်သည်...သူတို့တွေ ဘယ်ကိုဆွဲခေါ်သွားကြလဲသူမသိ တနေရာရောက်တော့ သူ့ကိုဆွဲထားရာကနေ လွတ်လိုက်တဲ့အခါ မြေကြီးပေါ် ဒူးထောက်လျက်ပင်ကျတော့မလိုမှာဘဲ လူတယောက်ရဲ့ရင်ခွင်ထဲကိုသူရောက်သွားခဲ့သည်...

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now