Part-48(💟💟)

Start from the beginning
                                    

'ခများ...ခများသူ့ကိုလုံးဝလက်ဖျားနဲ့တောင်မထိနဲ့ ခများကိုကျုပ်သတ်ပြစ်မှာ'

'ကြောက်တောင်ကြောက်လာပြီ သတ်မှာဟုလား ဟာသတွေလာမပြောစမ်းနဲ့ အခုတော့ ငါ့လက်ချက်ကြောင့်မင်းချစ်သူ မသေပါစေနဲ့လို့ဘဲမင်းအရင်ဆုတောင်းထားလိုက်'

'တောက်စ်!!!!!'

Kristရဲ့ဒေါသတကြီး တောက်ခေါက်လိုက်သံဟာ အခန်းတခုလုံးမှာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်...
သူ့ရဲ့ ဒေါသတွေကလည်းပိုတိုးလာခဲ့တဲ့အပြင် ဒေါသကြောင့် လက်တွေကပင်တုန်နေလေပြီ အခုအဲ့လူသာ သူ့ရှေ့မှာဆိုရင် အဲ့ကျက်သရေမရှိတဲ့အခွက်ကိုခုနှစ်ဆင့်ရှစ်ဆင့်ထိုးပလိုက်ချင်သည်

'ခများ ဘာအပြစ်မှမရှိတဲ့သူကို ဘာလို့အဲ့လိုလုပ်တာလဲ
ခများကဘာလိုချင်လို့ အဲ့လိုလုပ်တာလဲ
ခများ ယောကျာ်းဆိုရင် ယောကျာ်းလိုသတ္တိရှိရှိဖြေရှင်း အခုလိုမျိုးတွေလာလုပ်မနေနဲ့'

'အေး ငါဘာလိုချင်လည်းဆိုတော့ ပိုက်ဆံ မင်းအဖေရဲ့အမွေတွေကိုငါလည်းပိုင်ဆိုင်ရမယ် အဲ့တာ ငါလိုချင်တာဘဲ'

'ခများ လူရောစိတ်ဓာတ်ရော အောက်တန်းကျလှချည်လား ခများလိုချင်တဲ့ဟာကိုကျုပ်မပေးနိုင်ဘူး...'

'ရတယ်လေ မပေးနဲ့ပေါ့ ဒါပေမယ့် မင်းကောင်ကိုတော့ အသက်ရှင်လျှက်ပြန်တွေ့နိုင်မှာမဟုဘူးဆိုတာ မင်းမှတ်ထား
အေး ပြန်တွေ့ချင်တယ်ဆိုရင်တော့ အခုငါ့ပို့ထားတဲ့လိပ်စာအတိုင်းလိုက်လာခဲ့ အမွေကိုငါ့ဆီလွှဲပြောင်းပေးပါသည်ဆိုတဲ့စာချုပ်အပါအဝင်ပေါ့'

တီ!!!!

Janeပြောသွားတဲ့စကားတွေကြောင့် Kristမခံမရပ်နိုင်ဖြစ်ကာ ဒေါသတွေသာပိုတိုးလာတော့သည်
တဖန် သူ့အာရုံထဲတွင် သူ့ချစ်သူရဲ့ပုံရိပ်ကိုမြင်လာတဲ့အချိန်တွင်တော့....

'ကိုကို~~~~'

မဖြစ်ဘူး အဲ့ကောင်လက်ထဲမှာ ကိုကိုတခုခုဖြစ်လို့မဖြစ်ဘူး
ဒီကိစ္စကို သူတစ်ခုခုတော့လုပ်ရပေလိမ့်မယ် အမွေတွေကိုလည်း အဲ့လူယုတ်မာလက်ထဲထည့်လို့မဖြစ်ဘူး
ကိုကိုလည်း တခုခုဖြစ်လို့မရဘူး သူဘလိုလုပ်ရမလဲ? ??
Kristစဉ်းစားရင်း ခေါင်းတွေပါထူပူလာခဲ့သည်
ဒီကိစ္စကငါတယောက်တည်းဖြေရှင်းလို့မရဘူး...ဟုတယ် ဦးလေး ဦးလေးနဲ့ငါတိုင်ပင်မှရမယ် မြန်မြန်လုပ်မှရမယ် အချိန်မရှိတော့ဘူး

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now