" မင်းဘာတွေပြောနေတာလဲ...မင်းရှိနေရက်နဲ့???...ဘာလဲကွာ...မင်းရှိနေရက်နဲ့ ငါကထိန်းမထားဘူးလို့ပြောရအောင် မင်းက ဆီးပိတ်ဆေးမို့လို့လား..."

" အမ်?..."

ရုတ်တရက် နားမလည်နိုင်ဖြစ်သွားရတာကြောင့် သူ ဘာများလွတ်သွားလဲလို့ အသဲအသန်အဖြေရှာနေမိတယ်...။

" အခု...ခင်များကဘယ်သွားမလို့လဲ..."

" ရှုရှုးပေါက်မလို့ဟေ့...အပေါ့သွားမလို့...ငါ့ညီလေးကို လည်ပင်းသွားညှစ်မလို့...ရပြီလား..."

ခွန်းစစ်မင်းတစ်ယောက် သူ့စကားနဲ့သူဆွံ့အသွားနေချိန် ...လင်းခေတ်ဦးကတော့ အိမ်သာဆီအပြေးသွားကာ အစွမ်းကုန်ဖြေလျော့တော့တယ်...။

" အားးး..."

လင်းခေတ်ဦးပြန်ထွက်လာတော့လဲ သူအားနာစိတ်ကြောင့် ဘာပြောရမှန်းမသိဖြစ်နေမိတယ်...။

( ငါကိုက...သူ့ကိုဆိုအကောင်းမမြင်တာ...ရှက်တတ်ရင်သေသင့်ပြီ...ဘာအကြောင်းပြချက်နဲ့များ ငါ့ကြောင့် သူ့အကောင်မာလာတယ်လို့ ထင်သွားရတာလဲ...Fuck! ရှက်ဖို့ကောင်းလိုက်တာ...)

" ခွန်း..."

" Hmn?...အင်း...ဘာလဲ..."

" မင်းရေမချိုးသေးရင် ငါအရင်ချိုးလိုက်တော့မယ်..."

လင်းခေတ်ဦးကပြောရင်းနဲ့ပဲ အင်္ကျီကိုဆွဲချွတ်လိုက်တယ်...။

( What the fuck?...8packs?...Are you fuckin' serious?...သူ့မှာအဲ့လောက်တောင်ရှိတယ်ပေါ့...Shit!...Shit!...ဘယ်တုန်းကတည်းက အဲ့လောက်တောင် ဖွံ့ထွားလာတာလဲ...)

စဉ်းစားရင်း လက်ကအလိုအလျောက်နဲ့ ကိုယ့်ဗိုက်ကိုပြန်ထိကြည့်တော့ စောက်ကျိုးနဲ one pack လေးကို စမ်းမိတယ်...။

လင်းခေတ်ဦးရဲ့ ခန္ဓာကိုယ်က အားကစားလိုက်စားမှန်းသိသာအောင်ကို အချိုးအစားကျလွန်းလှတယ်...။ ခါးသွယ်သွယ်နဲ့ ဝမ်းဗိုက်ပေါ်ကပေါင်မုန့်ညိုတွေကို ဆွဲဆောင်မှုရှိလွန်းတဲ့ ခါးနှစ်ဖက်အောက်က 'V -line' တွေက ဘောင်ခတ်ထားတယ်...။

သူ ဘယ်တော့မှပိုင်ဆိုင်ဖို့မသေချာတဲ့ လင်းခေတ်ဦးရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကို အားမနာပါးမနာကြည့်နေမိရင်း...ကျစ်လှစ်လှတဲ့ ရင်အုပ်တွေပေါ်အရောက်မှာတော့...သူ့ကိုယ်က တစ်ခုခုရဲ့လှုံ့ဆော်မှုကိုခံလိုက်ရသလိုမျိုး ထူးဆန်းတဲ့ခံစားချက်တစ်ခုကိုခံစားလာရတယ်...။ အဲ့တာထက်ဆိုးတာက...အောက်ကနေရုန်းကြွချင်လာတဲ့ သူ့ရဲ့အကောင်ငယ်...။ ဘာတွေဖြစ်ကုန်မှန်းမသိတော့တာကြောင့် လင်းခေတ်ဦးရင်ဘက်ပေါ်က သူ့အကြည့်တွေကို အမြန်ပဲပြန်သိမ်းလိုက်ရတယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now