Part-47(💞💞)

Mulai dari awal
                                    

Newသူ့အမေရဲ့ခေါ်သံကြောင့် အခန်းထဲကနေထွက်လာကာ သူ့အမေဘေးနားသွားလိုက်ပြီး

'ဘာဖြစ်လို့လဲမေမေ'

'aww အသံမကြားလို့် သား ဘာလုပ်နေတာလဲလို့ခေါ်ကြည့်တာ'

'ဘာမှမလုပ်ပါဘူး...အော် မေမေ P'Tayကသားကိုစာပို့ထားတယ် ဒီမနက်သားတို့အိမ်လာမလို့တဲ့'

'ဟင်..သားTayကလား'

'ဟုတ်တယ်မေမေ'

'အယ်..အဲ့ဆိုဒီအတိုင်းနေလို့မရဘူးလေ Tayလာရင်စားဖို့တခုခုပြင်ပေးရမှာပေါ့..'

'မပြင်လည်းရပါတယ်အမေရဲ့'

'ဘယ်ကောင်းမလဲသားရဲ့စားဖို့ တခုခုတော့လုပ်ရမှာပေါ့'

'အဲ့ဆိုလည်း မေမေ့သဘောလေ'

'အွမ်း...အဲ့ဆို ခဏနေရင် အိမ်ရှေ့ကပန်းပင်လေးတွေကိုသားဘဲရေလောင်းပေးပါဦး...'

'ဟုတ်'

'အေအေး အဲ့ဆို မေမေ ဈေးခဏသွားလိုက်ဦးမယ်နော်'

'ဟုတ်ကဲ့မေမေ'

Newလည်း သူ့အမေဈေးသွားပြီးတဲ့နောက် အိမ်ရှေ့ထွက်ပြီး ပန်းပင်လေးတွေကို စိတ်ရှည်လက်ရှည်ရေလောင်းနေခဲ့သည်....

'အယ်..လှလိုက်တာ'

အပင်ရေလောင်းနေရင်းနဲ့ တနေရာအရောက်Newရဲ့မျက်လုံးတွေကအရောင်လက်လာခဲ့သည်

တဖြည်းဖြည်းနဲ့ထွက်ပေါ်လာတဲ့ နေမင်းကြီးရဲ့လင်းရောင်ခြည်အောက် ပွင့်ဖက်လေးတွေပေါ် တွဲလဲခိုနေတဲ့ ရေစက်လေးတွေကတလက်လက်တောက်ပလျှက်.... အနီရောင်စိုစိုလေးနဲ့နှင်းဆီပွင့်ကြီးရဲ့ဘေးမှာတော့ ရောင်စုံလိပ်ပြာတွေက ဝဲပျံလျက်.... သင်းပျံ့နေတဲ့ နှင်းဆီရနံ့ကလည်း ရှူရှိုက်မိသူကို စွဲမက်သွားစေတယ်... လှလိုက်တာနှင်းဆီပန်းလေးရယ်...
*
*
*
Tayသူ့အိမ်ကနေ မနက်စောစောထွက်လာပြီး သူ့ချစ်သူNewရဲ့အိမ်ကိုထွက်လာခဲ့သည်...
သူ့ချစ်သူလေးရဲ့အိမ်ရှေ့ကို ရောက်တဲ့အချိန်ကားထဲကနေ သူမြင်လိုက်ရတဲ့မြင်ကွင်းလေးက Tayရဲ့ရင်အစုံကိုလှုတ်ခတ်စေခဲ့သည်

နီရဲရဲနှင်းဆီပွင့်ကြီးကို သေသေချာချာအနီးကပ်ကြည့်နေတဲ့ မျက်လုံးတွေက ကောင်းကင်ပေါ်က နေမင်းကြီးကဲ့သို့ပင်စူးရှနေသည်

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniTempat cerita menjadi hidup. Temukan sekarang