ခတ်နွယ်ဆီမှာ အံ့ဩရိပ်လေးသန်းနေပေမဲ့ အရမ်းကြီးတော့မဟုတ်ဘူး...။ အဲ့နောက်...သူတိုးတိုးလေးပြောလာတယ်...။

" သူ ခန့်သူနဲ့ ရင်ဆိုင်ရမှာခက်ခဲလို့ဆိုတာကို ငါနားလည်ပေးလို့ရတယ်...ခွန်း ကျတော့လဲ သူအမြဲသတ်ချင်နေတဲ့စာရင်းထဲကဆိုတော့ ထားတော့...ဒါပေမဲ့...ငါ့ကို ဘာလို့လဲ...ငါလဲသူ့ကိုဘာမှမလုပ်ထားမိပါဘူး...သူကအခု အသားလွတ်ကြီးတွေဟ..."

ထိုစကားကြောင့် ခွန်းစစ်မင်းတွေးမိလိုက်တယ်...။ ခတ်နွယ်က အခုလိုပဲထင်ကောင်းထင်လိမ့်မယ်...။ ဘာလို့လဲဆိုတော့...သူတို့ ဆူးနဲ့ဖြစ်ခဲ့တာတွေကို ခတ်နွယ်သိအောင်ပြောပြတယ်ဆိုပေမဲ့...အချို့အကြောင်းအရာတွေကိုတော့ လောလောဆယ်မပြောသေးဖို့ ဆုံးဖြတ်ထားကြတယ်လေ...။

" ပြီးတော့ ငါနင်တို့ကိုမပြောရသေးတာ...မနေ့ညကပဲ သူငါ့ကို Facebook မှာ unfriend လုပ်သွားတယ်..."

ခတ်နွယ်က အတန်းရဲ့ အလယ်နားလောက်မှာထိုင်ပြီး အပေါင်းအသင်းသစ်တွေနဲ့အတူ ပြုံးရွှင်နေတဲ့ဆူးပွင့်လွှာကိုလှမ်းကြည့်ပြီးပြောတယ်...။

" ဟုတ်လား..."

" Unfriend လုပ်ရုံတင်မကဘူး..."

ွခွန်းစစ်မင်း ဖုန်းကိုထောင်ပြလိုက်တယ်...။

" Group chat ကပါ ထွက်သွားပြီ..."

အဲ့အချိန် ခတ်နွယ်သက်ပြင်းချလိုက်တာကို တွေ့တာကြောင့် သူဆက်ပြောလိုက်တယ်...။

" ခတ်နွယ်...ကိုယ်အပြစ်လုပ်မိလား မလုပ်မိလားတောင် မသေချာတဲ့ကိစ္စတစ်ခုအတွက်နဲ့ စိတ်အပင်ပန်းခံမနေနဲ့...ကိုယ့်ဟာကိုယ်နေ...သူမပြောတာက သူ့ဆုံးရှုံးမှုပဲ...နင်ကဘာတွေလိုက်ခံစားနေတာလဲ..."

" ငါသိပါတယ်...ဒါပေမဲ့ ငါမှားထားတယ်ဆိုရင်လဲ တောင်းပန်လိုက်ချင်တယ်လေဟာ...အခုလို ဘာမှမပြောပဲနေနေတာကြီးက အဓိပ္ပာယ်မှမရှိတာ..."

" အဲ့လို အဓိပ္ပာယ်မရှိတာကြီးအတွက် နင်ကအချိန်ကုန်ခံနေတာလေ...အဲ့လောက်တောင် တောင်းပန်ချင်နေရင်လဲ မျက်နှာချင်းဆိုင်သွားမေးပါလား...ဒီမှာလာပြီးတော့တော့ ဆပ်ပြာသည်လင်ပျောက်မနေနဲ့..."

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now