Part - 24 ( Valentine Special )

Start from the beginning
                                    

" ငါက မင်းရဲ့ Boyfriend No 2 "

ကားစက်နှိုးနှိုးချင်း Mandalay FM က ထမြည်လာတဲ့ သီချင်သံကြောင့် ချမ်းမြေ့ စိတ်ညစ်ညူးစွာပင် နောက် Channel တစ်ခုကို ပြောင်းလိုက်သည်။

ဘာသီချင်းကြီးလဲကွာ...နမိတ်မရှိ နမာမရှိ

"ဒုတိယလူ အဖြစ်နဲ့ ပြီးဆုံးသွား မင်းပေးခဲ့တဲ့ ဆုလာဘ်များနဲ့ "

ဟာ....ဘာလဲကွာ ဒီီလိုင်းက ပိုဆိုးနေတယ်
ဘာ ဒုတိယ လူလဲ ....ငါက ရှင်းလေးရဲ့ပထမလူပဲ သေချာနေတာကို။ ဒီသီချင်းကိုကြားလိုက်တိုင်း သူ့ကျောထဲစိမ့်စိမ့်လာတာ ဘာကြောင့်မှန်းကိုမသိ။

ဘုရား ဘုရား ရှင်းလေးနဲ့ပတ်သက်ပြီး သူ ဒုတိယ လူဖြစ်နေမှာတော့ မဟုတ်လောက်ပါဘူးနော်..။

ရှင်းလေး သူ့ကို ဆက်ဆံတဲ့ ပုံစံနဲ့ပတ်သက်ပြီး သူ့ကိုယ်သူ အားမလိုအားမရဖြစ်လာတဲ့အချိန်တိုင်း ထူးထက်ခေါင်ဆိုတဲ့လူရဲ့ပုံရိပ်က ခေါင်းထဲ၀င်၀င်လာသည်။ ထူးထက်ခေါင်အပေါ် ရှင်းလေး ဆက်ဆံတဲ့ပုံစံက သူ့ကို ဆက်ဆံတဲ့ပုံစံမျိူးနဲ့မတူတာကိုတော့ ဟိုအရင် ရွှန်းရွှန်းနေရာမှာ ရှင်းလေး လူစားထိုးဟန်ဆောင်နေကတည်းကသူသတိထား
ခဲ့မိသည်။

ကားကို ဖြေးဖြေးချင်းလျှောက်မောင်းလာရင်း မီးပွိုင့်မှာ မီးနီနေတာမို့ ချမ်းမြေ့ ကကားကို ထိုးရပ်လိုက်သည်။

ဘေးဘီကို ဝဲကြည့်တော့လည်း လမ်းတိုင်းနေရာတိုင်းက အကျီဆင်တူဝတ်ထားတဲ့ အတွဲတွေကိုမြင်နေရတာမို့ အဲလိုအတွဲတွေ မောင်းလာတဲ့ဆိုင်ကယ်တွေက သူ့ကားရှေ့ပိတ်ရပ်လာတိုင်းလည်း အငြိုးကြီးကြီးနဲ့ နားကွဲလုမတတ် ဟွန်းတွေ ပိတ်တီးပစ်တာကြောင့် ဘုကြည့်ကြည့်သွားကျတဲ့ အတွဲတွေမနဲ။အကြည့်တွေကိုက နှစ်တစ်ထောင် FA ကောင်ဆိုတဲ့ အကြည့်မျိူးတွေ။

မိန်းထဲရောက်တော့လည်း တစ်လမ်းလုံး ချောကလက်ဆိုင်တွေ အရုပ်ဆိုင်တွေနဲ့ပြည့်နေတာ၊ ဒီဆိုင်တွေက ဘာကိစ္စဒီနေ့ကျမှ လမ်းအပြည့်နေရာယူပြီး တက်ဖွင့်ထားရတာလဲ။ အရင်နေ့တွေကတည်းက ဖွင့်လေ။ ဖွင့်ချင်ရင်လည်း ။ရှင်းလေး လုပ်ပေါက်နဲ့ ချမ်းမြေ့တစ်ယောက်စိတ်ပေါက်ကာ ဘာကိုမှအမြင်မကြည်လင်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now