Part - 24 ( Valentine Special )

ابدأ من البداية
                                    

ဖုန်းပါဝါကို မပိတ်လိုက်မိခင်မွာပဲ ချမ်းမြေ့
ဆီက ဖုန်း၀င်လာခဲ့သည်။

" ပြော "

"ရှင်းလေး မင်းအခုတစ်လောငါ့ကို တမင်
သက်သက်ကြီး ရှောင်နေသလိုပဲ ဟိုနေ့
ကတည်းက မင်းငါ့ကို တွဲရအောင်လို့ပြော
ပြီးကတည်းက အခုထိ မင်းနဲ့ငါ ကောင်း
ကောင်းမတွေ့ရသေးဘူး"

ချမ်းမြေ့အသံသည် တစ်ဖက်ကနေ မရပ်မနား ဆက်တိုက်ဆိုသလို ထွက်လာသည်။

"တမင်ရှောင်တာမဟုတ်ဘူး ချမ်းမြေ့ ငါ တကယ်မအားတာ "

"ငါက မင်းသင်တန်းက Project တွေလောက်တောင် အရေးမကြီးဘူးလား ရှင်းလေး ဒီနေ့ မင်းနဲ့အတူဝတ်ဖို့ ငါ့မှာ Couple အင်္ကျီတောင် ဆင်တူဝယ်ထားတာ"

"ချမ်းမြေ့ ငါ့ဘ၀တိုးတတ်ရေး အတွက်လုပ်နေတဲ့ ကိစ္စလေကွာ ဒီလောက်တော့မင်းနားလည်ပေးရမှာပေါ့ လေးတောင်နားမလည်ပေးနိုင်ရင်လည်း ငါနဲ့လာမတွဲနဲ့တော့ပြီးတော့ Valentine Day မှာ Couple
အကျီဝတ်တာ တောသားတွေပဲဝတ်တာ မင်းကတောသားလား တော်ပြီကွာ ဖုန်းချလိုက်တော့မယ် ငါ့အိမ်ကိုလည်း ကူးမလာနဲ့ ငါတံခါးလော့ခ်ချထားမှာ "

ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းနဲ့အတူချမ်းမြေ့ ရင်တစ်ခုလုံး ဟာတာတာ ဖြစ်သွားသည်။ ရှင်းလေးဟာ သူ့အပေါ်တကယ်ချစ်တာမှဟုတ်ရဲ့လား ဟုလည်းသံသယ၀င်လာမိသည်။ တကယ်ဆို ရှင်းလေးနဲ့သူ ချစ်သူတွေ စဖြစ်ပါပြီဆိုတဲ့နေ့ကတည်းက အခုထိ အပြင်မှာ ကောင်းကောင်းမတွေ့ရသေး။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ
ချစ်သူ ဆိုတဲ့ဘ၀ကို နာမ်စားတစ်ခုအဖြစ်ပဲ
ကူးပြောင်းခဲ့တာ ။ တကယ့်လက့်တွေ့မှာတော့ ပုံမှန်ဆက်ဆံနေကျ သူငယ်ချင်းဆိုတဲ့ စည်းတစ်ခု ထက်ပင် ကျော်မလာခဲ့။

သူ ခန့်မှန်းမိရသလောက် သူ့ကို ရှင်းလေး
ရှောင်နေတာ အသိသာကြီးရယ်။ချမ်းမြေ့
က ရှင်းလေးဆီကိုလည်းမသွားချင် စိတ်ကလည်း ရှုပ်ထွေးလာတာမို့ ဦးတည်ချက်မရှိပဲ အိမ်ထဲကနေ ကားသော့ကောက်ဆွဲကာ စိတ်ရှုပ်ရှုပ်နဲ့ထွက်လာခဲ့သည်။

The Dimple On His Cheek ( Completed ) Z+Uحيث تعيش القصص. اكتشف الآن