ကိုယ် မင်းကို ဘယ်လိုစိတ်ဆိုးရက်မှာလဲ Hun ရယ်
"ဒီနေ့ hyung ပင်ပန်းထားတာ စောစောနားတော့လေ နော်"
"ကိုယ် မနားချင်သေးဘူး Hun နဲ့နေချင်သေးတယ်"
ကျယ်ပြန့်ပြန့် Hun ပခုံးပေါ် သူခေါင်းမှေးတင်လိုက်ရင်း လေသံတိုးတိုးနဲ့ပြောမိသည်
"ပျော်လား Hun အခုလို korea ကိုပြန်လာရတာပျော်လား"
သူ့စိတ်ထဲရှိတိုင်းအတိုင်းဆို ပျော်တယ်လို့ကိုမကြားချင် ၅ နှစ် တိတိ သူနဲ့ တရုတ်ပြည်မှာ အတူတူရုန်းကန်ခဲ့တာတွေရဲ့ Hun ရဲ့ရည်ရွယ်ချက်တစ်ခုက Korea ကိုရောက်အောင်ပြန်ချင်တာ ဆိုသည်ပင်။
သူတို့အတူ အလုပ်တွေလုပ်ခဲ့သည် အတူ ဖေးဖေးမမ နေခဲ့သည် ထိုအတောအတွင်း သူတို့ပျော်ခဲ့ကြသည် အင်းး အပွင့်လင်းဆုံးပြောရရင် Yixing တယောက်အတွက်တော့ အရမ်းကို ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ။
မိသားစု လက်အောက်က ရုန်းထွက်ပြီး တယောက်ထဲ ရုန်းကန်နေချိန်မှာ ကြုံရာအလုပ် အကုန်လုပ်ရင်း ဘယ်သွားရမှန်းမသိလို့ ဝေးရာတရုတ်ပြည် တယောက်ထဲထွက်လာသည့် Sehun ဆိုတဲ့ ကောင်လေးကိုတွေ့ပြီး သူ သနားဂရုဏာသက်စွာ အဆောင်နေရန် ခေါ်ထားမိကာမှ သူ့သံယောဇဉ်တွေအရောင်ထင်မိခဲ့တာ။
သူ့ပျော်ရွှင်မှုတွေဟာ ဒီ မြေပေါ်ရောက်မှ ပျောက်ဆုံးသွားမှာကို Yixing စိုးထိတ်နေသည်မှာ မဖြစ်သင့်ဘူးလား
"ပျော်စရာ ရှိလို့လား Hyung ရယ်"
"ဘာပဲဖြစ်ဖြစ် Hun ဆန္ဒပြည့်ပြီမဟုတ်လား ပျော်သင့်တာပေါ့"
"ဟင့်အင်း ကျွန်တော် ပျော်ချင်လို့ ပြန်ခဲ့တာမဟုတ်ဘူး Hyung "
စကားအချေအတင်ဆက်ပြောရင် တင်းမာလာဖွယ်ရှိတဲ့ Hun အခြေအနေကြောင့် Yixing စကားလမ်းလွှဲလိုက်ရတယ်
"ဟာ ကိုယ့်ကလေးက ဘဲရုပ်ဆိုးလေးကြည့်စမ်း မျက်မှောင်ကြီးကြုံ့ထားတော့"
"hyung ကျွန်တော် ကလေး မဟုတ်ဘူး"
"အော်ဟော နှုတ်ခမ်းပါဆူလာတော့ တကယ့်ကို ဘဲရုပ်ဆိုးလေးပဲ"
![](https://img.wattpad.com/cover/146400943-288-k327876.jpg)
YOU ARE READING
"Dilemma"
FanfictionDilemma ဆိုတဲ့အဓိပ္ပာယ်ကို ချစ်ရတဲ့သူတွေနဲ့ နည်းနည်းလောက် ဖွင့်ဆိုကြည့်ကြမလား?? (Unicode change ပါပြီနော် Zawgyi ပြန်ပါမှာမဟုတ်ပါဘူး မလုပ်တတ်လို့ပါ)