" ဒါလား...အဟန့်!...ငါဒီနေ့ကူးမှာမဟုတ်ဘူး..."

" သြောာာ! နင်ကအဲ့လိုလား...စာလေးစလုပ်တာမှ တစ်ပါတ်လောက်ရှိသေး...စောင်xင်ခေါင်းကကျယ်ပြီပေါ့လေ..."

" ဒါနဲ့တောင် သူက ကိုလင်းနဲ့မသင်ချင်ပါဘူးဆိုပြီး အကြောက်အကန်ငြင်းခဲ့သေးတာ...ဟ ဟ..."

" ပါးစပ်ပိတ်ထား ငသစ်...ကိုယ့်စာကိုယ်လုပ်..."

သူ ပြောသမျှထိုင်ဟားတိုက်နေမဲ့ ကျက်သရေတုံးနှစ်ကောင်ကို ဂရုမစိုက်တော့ပဲ စာအုပ်ထုတ်ပြီးစာပြန်ကြည့်နေလိုက်တယ်...။ နဂိုကပြောင်ရှင်းနေတဲ့သူ့ရဲ့ စအုပ်စာမျက်နှာတွေက...အခုတော့ လင်းခေတ်ဦးရဲ့ ဟိုခြစ်ဒီခြစ်မှတ်ပေးထားတာတွေနဲ့ ပြည့်နှက်နေတယ်...။

( လက်ရေးကလဲဆိုးလိုက်တာ...)

တကယ်တော့ သူ့စိတ်ထဲအလိုလိုပျော်နေမိတာ...။ အထူးသဖြင့် ခတ်နွယ်တို့ရဲ့ မယုံကြည်နိုင်တဲ့အကြည့်တွေကြောင့်ပေါ့...။ သူတို့လေးယောက်မှာ ခန့်သူရိန်သစ်က စာအတော်ဆုံးဖြစ်တဲ့အပြင်... သူတို့နှစ်မှာဆိုရင်လဲ အတော်ဆုံးတွေထဲက တစ်ယောက်...။ ခတ်နွယ်နဲ့ ဆူးပွင့်လွှာကတော့ အရမ်းတော်တဲ့ထဲမပါပေမဲ့...ညံ့တဲ့ထဲတော့မပါဘူး...။ သူသာလျင် ဘာစာတစ်လုံးမှမလုပ်ပဲ ကန့်လန့်တွေလိုက်တိုက်ရင်း ကျောင်းရဲ့ချဉ်ဖတ်အဖြစ် ခံယူနေတာ...။ အဲ့တာကြောင့်လဲ သူကအမြဲ tutorial ဆို စာမကျက်ပဲ ခတ်နွယ်တို့ကြားဝင်ထိုင်ပြီး ကူးနေကြလေ...။ ဟိ ဟိ!...လင်းခေတ်ဦးသေနာကြီးကို သူဒီတစ်ကြိမ်တော့ ကျေးဇူးတင်မိပါရဲ့...။

လူတွေက တကယ်ကိုအရှုပ်ထွေးဆုံး သတ္တဝါတွေပါ...။ ဥပမာတစ်ခု ခင်များတို့ကြားဖူးလိမ့်မယ်...။ ကျီးကန်းက သူမကြိုက်တဲ့ ကြက်ဥကို ခွေးကိုပေးလေ့ရှိတယ်...။ နောက်တော့ ခွေးက အကျင့်လိုဖြစ်သွားပြီး...ဒီကြက်ဥက ကျီးကန်းရဲ့ဟာဆိုတာကိုမေ့သွားတယ်...။ သူပဲ ရကိုရရမယ်လို့တွေးလာတယ်...။ အဲ့တာကြောင့်... ကျီးကန်းက အဲ့ကြက်ဥကို အခြားသူကိုပေးလိုက်တဲ့အခါ သူမကျေနပ်တော့ဘူး...။

အဲ့လိုမျိုးပဲ...ခင်များတို့သတိထားမိချင်မှ ထားမိလိမ့်မယ်...။ လူတွေက သူတို့ပေးနေကြအရာတစ်ခုကို တစ်ဖက်လူက ဆက်မယူတော့ရင်လဲ မကြိုက်ချင်ကြပြန်ဘူးဗျ...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now