ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၅၈

Start from the beginning
                                    

''ဟုတ်လား အဲတုံးက ကိုယ်လို့မထင်ဘူးလေ အခုသိသွားပီးဆိုတော့ ကိုယ့်ကို ပြန်ဆိုပြလေ ကိုယ် အပြည့်အဝခံစားလို့ရအောင်''

''မဆိုပါဘူး''

''kit''

''ဟင်း ဟင်း''

သူက မျက်နှာကြီးတည်ပီး ခေါ်လိုက်တော့ ကျွန်တော် ရယ်လိုက်မိသည်။ ပီးတော့ သူက

''kit ဟို fait က ကိုယ်တို့အကြောင်းသိနေတာလား သူ့ကြည့်ရတာ တစ်ခုခုသိထားသလိုပဲ''

''p'sing မသိခင်ထဲက သူက အရင်သိတာ''

''ဟုတ်လား သူက ဘယ်လိုသိတာလဲ''

''အဲဒီ ပွဲပီး နောက်နေ့ သူမေးလို့ ကျွန်တော် ပြောလိုက်တာ''

''သူက ဘာမေးတာလဲ''

''မင်း ပွဲတုံးက p'sing ကို ကြည့်တဲ့ အကြည့်တွေ မရိုးဘူးတဲ့ မင်း သူ့အပေါ် စိတ်ရှိနေပီလားတဲ့ ကျွန်တော်က ငြင်းတော့ သူက သူသိတယ်တဲ့ ပွဲမှာ မင်းမျက်လုံးတွေ p'sing ဆီရောက်နေတာတဲ့ အဲဒါနဲ့ ပြောပြလိုက်တာ''

''ကိုယ့်ဆီ လှမ်းကြည့်တာတော့ တွေ့ပါတယ် ကိုယ့်ကို ခံစားချက်ရှိနေတယ်ဆိုတာမှ မသိတာ''

''p'sing က ဘယ်သတိထားမိမလဲ  ကျွန်တော့်ကိုမှ ဂရုမစိုက်တာ''

''အမ်း ဘယ်သူပြောလဲ ဂရုမစိုက်ဘူးလို့ အဲအချိန်ထဲက ကိုယ့်ရင်ထဲကို မင်းရောက်နေတာ''

''ဟုတ်လား''

''အင်း... ''

''ကျွန်တော် p'sing တို့အိမ်စရောက်တုံးက ပြောဖို့ ကြိုးစားသေးတယ် ဒါပေမဲ့ p'sing ကျွန်တော့်ကို လက်မခံပဲ အထင်းသေးပီး ရွံမုန်းသွားမှာကြောက်လို့''

''အော ဟုတ်လား အဲတုံးက ပြောလိုက်ပီးရော''

''အင်း ဟုတ်တယ် p'sing လက်မခံမှာကြောက်တာပေါ့''

''အခုလက်ခံတယ်မလား''

''p'sing လည်း ကျွန်တော့်ကို ခံစားချက်ရှိနေတယ်ဆိုတာ သိမှမသိတာ''

''အခု သိပီမလား ဆိုပြလေ အဲသီချင်း ကိုယ် နားထောင်ချင်လို့''

''ဘာသံစဉ်မှလည်းမပါဘူး ဂီတာရှိတယ်ဆိုတော်သေးတယ်''

''အော် ဒါဆို ရတယ်လေ ဂီတာ ပုံစံ ဖုန်းသုံးလိုက်ပေါ့''

သူက ပြောပီး လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ ပီးတော့ သူက

''line ကနေ သံစဉ် software တွေရှာပီး ဂီတာရွေးလိုက်လေ ပီယာနို ယူမလား ဒရမ် ယူမလား DJ လည်း ယူလို့ရတယ်''

''ဘယ်လိုယူမှာလဲ မသိဘူး''

''ဒီကလေးကလည်း ဒါလေးတောင်မသိဘူး''

ကျွန်တော့်ခေါင်းကို လက်ညှိုးလေးထိုးပီး ကလေးပြောလို့ ကျေနပ်မိပါသည်။ ဒါပေမဲ့ ကျွန်တော်က သူ့ကို သေချာကြည့်လိုက်ပီး

''ဘာကလေးလဲ''

''အော် ကိုယ့်ထပ်ငယ်လို့ ကလေးပြောတာလေ''

''မနေ့ကကျတော့ ချစ်လေးတဲ့ ဒီနေ့ကျတော့ ကလေးတဲ့ အမျိုးမျိုးခေါ်နေတယ်''

''ချစ်စနိုးနဲ့ခေါ်တာလေ မကြိုက်လို့လား''

''မဟုတ်ပါဘူး''

''ဒါဆို နောက်နေ့ကျရင် ချစ်ချစ် နောက်နေ့ကျရင် အသက်လေး နောက်နေ့ကျရင် အသည်းလေး
နောက်နေ့ကျရင် နှလုံးလေး ကျောက်ကပ်လေး နောက်နေ့ကျရင် ...''

သူက တစ်ခုချင်းပြောပီး လက်ချိုးတွက်နေတော့ ကျွန်တော်က သူ့လက်ကို လှမ်းဆွဲကာ တားလိုက်ပီး

''ဟာ တော်ပီ ကိုယ်တွင်း ကလီစာတွေပါ အလွတ်မပေးတော့ဘူး''

''ကိုယ်က ကိုယ်တွင်းမှမဟုတ်ဘူး ဘာကိုမှ အလွတ်မပေးချင်တာ''

sing//
ကျွန်တော်က ပြောပီး သူ့ခါးခြားထဲလက်ထည့်ကာ သိုင်းဖက်လိုက်တော့ သူက လက်ကို ဆွဲချွတ်ပီး

''အာ တော်ပီ ပြန်တော့မယ်''

''ဝိတ် နောက်တာ''

''ဟွန်း''

သူက ထမယ်လုပ်တော့ ပြန်ဆွဲထားလိုက်တော့ သူက မျက်မှောင်ကျုံ့ကာ လှမ်းကြည့်သည်။ ဒါနဲ့ ကျွန်တော်က

''လာ ကိုယ်လုပ်ပေးမယ် သံစဉ်ရွေးလိုက်ရင် ဂီတာရွေးလိုက်ရင် ဖုန်း screen ပေါ်မှာ ဂီတာကြိုးနဲ့ သက်ဆိုင်တာတွေ ပေါ်လာလိမ့်မယ် အဲခါကျရင် ကြိုးတွေကို လိုက်နှိပ်ပီးတီးပေါ့''

ကျွန်တော်လုပ်ပေးလိုက်တော့ သံစဉ်ကြိုးလေးတွေပေါ်လာတော့ ကြိုးတွေကို တစ်ချောင်းချင်း နှိပ်ပြလိုက်သည်။ သူက ကြည့်ပီး

''အော် မဆိုးဘူးပဲ''

''အင်း နှိပ်ကြည့်လေ''

''အင်း''

သူက နှိပ်ကြည့်သည်။ ပီးတော့ သူက ကျွန်တော့်ကိုလှမ်းကြည့်ပီး

''ဆိုပြရမလား''

''အင်း''

''တစ်ပိုဒ်ပဲဆိုမယ်နော်''

''ဟွန်း''

''ဟင်း ဟင်း ''

Next one

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now