ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၇၆

602 41 3
                                    

Smile reflection eye (P 76)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

sing//
ကျွန်တော်လည်း kit ဖုန်းပြောပီး ဖုန်းချကာ စာဆက်လုပ်နေလိုက်သည်။ ညဥ့်နက်လာတော့ စာအုပ်တွေသိမ်းပီး ကုတင်ပေါ်တွင် အိပ်လိုက်သည်။

မနက်ရောက်တော့ ကျောင်းသို့ ထွက်လာခဲ့သည်။ ကျောင်းရောက်တော့ အခန်းထဲတွင် off နဲ့ may က ရောက်နေသည်။ off က

''မင်းကလေ kit နဲ့ တွေ့ရင် ငါတို့ကိုတောင် ထားခဲ့တယ်နော်''

''အော တူမလားကွ''

''အေးပါ မတူတော့ ငါတို့လည်း စုထားတဲ့ note ပြစရာမလိုဘူးပေါ့''

''အာ မလုပ်ပါနဲ့ fri က fri လေ love က love ပဲ ဒီလိုတော့ မလုပ်ပါနဲ့''

''မရဘူးကွာ''

may က
''ဟုတ်တယ် မပေးနဲ့ ငါတို့တော့ ရှာလိုက်ရတာ သူက သာယာနေတာ''

''မနာလိုဖြစ်နေတာမလား''

''ဟုတ်တယ်ဟေ့ မနာလိုဖြစ်နေတာ ငါတို့ဆီကနေ လုယူသွားလို့''

''ဟင်း ဟင်း''

သူတို့က ပြောတာပဲရှိတာပါ off က လွယ်အိတ်ထဲမှ စာရွက်အတွဲလိုက်ထုတ်ပေးသည်။ ကျွန်တော်လည်း ယူကြည့်လိုက်သည်။ ပီးတော့ ကျွန်တော် စုထားတာတွေနဲ့ ပေါင်းပီး လေ့လာလိုက်သည်။ ခဏနေတော့ nott တို့ nem တို့ရောက်လာသည်။ သိပ်မကြာပါ ဆရာမ ရောက်လာ၍ စာသင်လိုက်ကြသည်။

kit//
ကျောင်းကို parလိုက်ပို့လို့ ကျွန်တော်လည်း ကျောင်းသို့ရောက်လာခဲ့သည်။ ကျောင်းအခန်းထဲသွားတော့ သူငယ်ချင်းတွေ စုံနေသည်။ ကျွန်တော် ရောက်ပီး သိပ်မကြာပါ ဆရာမ လာ၍ စာသင်လိုက်သည်။

နေ့ခင်းထမင်းစားချိန်ရောက်တော့ ကျွန်တော်တို့ ကင်တင်းဘက်ကိုထွက်လာတော့ ဆိုင်ကို အဝင်မှာ p'sing တို့ အုပ်စုနဲ့ တွေ့သည်။ p'sing က ကျွန်တော်ပါးနှစ်ဖက်ကို လှမ်းပျစ်ပီး

''အခုမှ လာတာလား''

''အင်း''

''ကိုယ်တို့ library ခန်းမှာ စာသွားလုပ်ဖို့ သွားပီနော်''

''အင်း''

''ဟာ sing မြန်မြန်လာ စာအုပ်တွေ သူများတွေဦးသွားလို့ ငါတို့ လိုတာမရပဲနေဦးမယ်''

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Where stories live. Discover now