ပြုံး​ရောင်​ဟပ်​မျက်​ဝန်း ၁၀

996 74 2
                                    

(Zawgyi)
Smile reflection eye (p 10)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်း)

kit//
ကျွန်တော် ညက ဂိမ်းထဲ ဈာန်ဝင်သွားတာ ညဥ့်နက်မှ အိပ်ပျော်သွားလို့ မနက် မထနိုင်ဖြစ်ခဲ့ရသည်။ ခေါင်းတွေလည်း ကိုက်နေတော့ ကျောင်းသွားလို့ မဖြစ်၍ new ကို ဖုန်းဆက်ရန် ဖုန်းကို ယူလိုက်ပီး ဖုန်းခေါ်လိုက်သည်။ သူက

''kit''

''new ငါ ဒီနေ့ ကျောင်းမတက်ဘူး အဲဒါလှမ်းပြောတာ''

''ဘာလို့လဲ ငါတောင် အဝတ်စား ဝတ်နေပီ ကျောင်းသွားဖို့''

''ငါ ညက ဂိမ်းဆော့တာ ညဥ့်နက်သွားလို့ မနက်မထနိုင်တော့ဘူး ခေါင်းတွေ ကိုက်နေလို့ ''

''မင်းကတော့ လုပ်ပီ ကျောင်းက စတက်တုံးရှိသေးတာ''

''အေးပါကွာ ငါ ပြန်အိပ်လိုက်ဦးမယ် ဒါပဲနော်''

''အေး အေး''

ကျွန်တော်တို့ဖုန်းပြောပီး ဖုန်းချလိုက်သည်။ ပီးတော့ ကုတင်ပေါ်တွင် ပြန်လှဲအိပ်လိုက်သည်။ ခဏနေတော့ mom က အခန်းထဲ ဝင်လာသည်။

''သား ကျောင်းသွားရမယ် ထလေ''

''mom သား ခေါင်းကိုက်နေလို့ ဒီနေ့ နားမလို့''

''မင်း ညဥ့်နက်တဲ့ထိ ဂိမ်းဆော့ပြန်ပီလား''

''အင်း''

''တော်ရုံပဲ ဆော့ပေါ့ သားရယ် ခဏ ခဏ ဖြစ်နေရင် မကောင်းဘူးနော်''

''ဟုတ်ကဲ့''

''အေး ဒါဆို နား နား mom အကိုက်အခဲ ပျောက်ဆေးနဲ့ စားဖို့ စားစရာ ယူလိုက်ဦးမယ်''

''ဟုတ်ကဲ့''

mom က ပြန်ထွက်သွားသည်။ ၁၀ မိနစ်လောက် ကြာတော့ ပြန်ရောက်လာပီး

''ရော့ သား မုန့်နဲ့ ကော်ဖီနဲ့စားလိုက် ပီးရင် ဆေးသောက်ပီး အိပ်လိုက်''

ကျွန်တော်လည်း ထစားပီး ဆေးသောက်ကာ ပြန်လှဲနေလိုက်သည်။ mom က ပန်းကန်တွေ ယူပီး ပြန်ထွက်သွားသည်။ ကျွန်တော်လည်း အိပ်နေလိုက်သည်။

sing//
ကျွန်တော်တို့ ကျောင်းလာတော့ oaujun ကို ပို့ပီး အတန်းထဲသို့ လာခဲ့လိုက်သည်။ အတန်းထဲ ရောက်တော့ ကျွန်တော့် သူငယ်ချင်းတွေလူစုံနေပီ။ ကျွန်တော် ခုံမှာ ဝင်ထိုင်တော့ nem က

ပြုံး​ရောင်​ဟပ်​မျက်​ဝန်း (completed)Kde žijí příběhy. Začni objevovat