Part-33(Mwah mwah😘)

Comenzar desde el principio
                                    

ဒါက သူဘောကျရတဲ့ ကိုကို့နဖူးပြင်လေး....
ဒါက သူ့ကိုကြည့်တိုင်း အချစ်တွေနဲ့ပြည့်နေတဲ့ မျက်လုံးလေးတွေ...
ဒါက သူဘောကျရတဲ့ ကိုကို့ရဲ့နှာတံလေး....
ဒါက သူချစ်ရတဲ့သူရဲ့ ပါးဖောင်းဖောင်းလေးတွေ.....
ပီးတော့......ဒါက သူ့ကိုအမြဲတမ်း စွဲလမ်းအောင်ပြုစားနေတဲ့
ကိုကို့ရဲ့ နှုတ်ခမ်းပါးလေး.....😍😍😍

သူ့လက်က ကိုကို့ရဲ့နှုတ်ခမ်းပေါ်မှာရပ်တန့်နေပီး သူ့အကြည့်တွေကလည်း ကိုကို့ရဲ့နှုတ်ခမ်းတစုံကိုဘဲ ရောက်နေတဲ့အချိန်...... ရုတ်တရက်ကိုကိုကကျွန်တော့်ရဲ့လက်ကို ဆွဲလိုက်ပီး ပက်လက်အိပ်နေရာကနေ ကျွန်တော့်ဘက်လှည့်လာရင်း...

'အိပ်ပျော်နေတဲ့သူကို အဲ့လိုမျိုး အသားမယူရဘူးလေ..kit😊'

'ဘယ်..ဘယ်မှာ အသားယူလို့လဲ...ဘာမှမယူဘူး...'

သူက ကိုကိုမသိအောင် လုပ်ပါတယ်ဆို ဘလိုသိသွားတာလဲမသိဘူး..ဘယ်အချိန်ကတည်းကများနိုးနေပါလိမ့်...ငါကြည့်နေတာကိုရော သိနေလားမသိဘူး...ငါတော့ အစခံရတော့မှာသေချာနေပီ.. 😦😦

'ကိုယ့်မျက်နှာတခုလုံးပေါ် လက်ညိုးလေးတခုနဲ့ လျှောက်သွားနေတာက အသားယူတာမဟုလို့ ဘာလုပ်တာလဲ'

'ဒီအတိုင်း ဖွဖွလေးဘဲထိတဲ့ဟာကို ဖြစ်နေတယ် တကယ်ဘဲ မပြောချင်ဘူး...နေပါဦး ကိုကိုကဘယ်အချိန်ကတည်းက နိုးနေတာလဲ..'

'ကောင်လေးတယောက်က ကိုယ်အိပ်နေတာကို ဘေးကနေ ခိုးကြည့်နေတဲ့အချိန်ကတည်းက..😁'

'ဘာကိုခိုးကြည့်ရမှာလဲ..ဘာမှခိုးမကြည့်ပါဘူး.. ကြည့်နေတာသိရင်လည်းဆက်အိပ်မနေနဲ့ပေါ့ 😏'

'ကိုယ့် ဘေဘီလေးက ဘာများဆက်လုပ်ဦးမလဲသိချင်လို့လေ...'

'ဘာ ဘေဘီလေးလဲ... လာမပြောနဲ့ ဟွန့်😒'

နှုတ်ခမ်းလေးကိုစူထော်ပီး ဟိုဘက်ကိုလှည့်သွားတဲ့ kitက မနက်ခင်းစောစောစီးစီး ကျွန်တော့်စိတ်ကို မတည်ငြိမ်အောင်လုပ်နေတာဘဲ.....kitတော့ မှားပီ....အိပ်နေတဲ့ခြင်္သေ့ကို လာနှိုးသလိုဖြစ်သွားပီ....kitရဲ့ ခန္ဓာကိုယ်ကို ကျွန်တော့်ဖက်ပြန်ဆွဲလှည့်ပီး kitရဲ့ ကိုယ်ပေါ်တက်လိုက်တော့ ကျွန်တော့်ဘေဘီလေးက လန့်ပီးမျက်လုံးအဝိုင်းသားနဲ့ ကြည့်နေလေရဲ့....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniDonde viven las historias. Descúbrelo ahora