" မမ "

" ........... "

" အင်း "

"ကျွန်တော့်ကို မှတ်မိလား "

"အင်း အရပ်ပုပုလေးနဲ့ ချစ်ဖို့ကောင်းတဲ့ တစ်ယောက် ဟုတ်တယ်ဟုတ် "

" အာ..... မမ နောက်ပြီ... "

"မနောက်ဘူး မင်းချစ်ဖို့ကောင်းနေတာတော့
အမှန်ပဲလေ "

ရွှန်းရွှန်းသည် မိမိဘာသာတော်ကီတွေ ပစ်ချွေရင်းတခွီးခွီးနဲ့ ကြိတ််ရယ်နေပေသည်။ ဒီအချိန် သိက္ခာတွေ ဘာတွေ အရေးမကြီး အနှီကလေးကိုယ့်ကိုကြွေလာဖို့ အဓိက ။

ရွှန်းရွှန်းရဲ့ မူပိုင်စတိုင်ကိုက လုံးဝ ဟန်မဆောင်တတ်တာမို့ ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင် မကြိုက်ဖူး ဒဲ့ပြောတတ်တာ။ သုံးနှစ်သုံးမိုးတို့ ယောကျ်ားလေးဘက်က စဖွင့်ပြောမှ ပြန်ကြိုက်ရမယ်ဆိုတာ ဟိုးရှေးရှေးခတ်မှာ ကျန်ခဲ့ပြီ။ စနိုက်ကြော်တွေများနေတဲ့ ခေတ်မှာ လက်ဦးမှုယူထားဖို့က အဓိကပဲ မလား။

" ဒါနဲ့ ခေးဆိုင်က..... "

" အွန်း "

" Single or RS ? "

" မမ ဘယ်လိုထင်လဲ "

အယ် ဒီကောင်လေးကလည်း အလာကြီးပါလား။ကိုယ့်ကိုတောင် မေးခွန်းပြန်ထုတ်နေတာမို့ ရွှန်းရွှန်းက ဖုန်းစကရင်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

"ကိုယ်ကဗေဒင်ဆရာမှမဟုတ်တာ မင်းအကြောင်းတော့ ဘယ်ခန့်မှန်းတတ်မလဲကွ "

"ဟားဟားမမနဲ့ကျွန်တော် စိတ်ချင်းနီးစပ်တယ်လို့ ထင်နေတာ တကယ်တော့ ထင်သလောက်မနီးသေးဖူးပဲ ကျွန်တော်က Single ပါ သိပ်မကြာခင် RS ဖြစ်တော့မယ် Single လေးပဲ ဆိုပါတော့.. "

ရွှန်းရွှန်းသည် ဖုန်းစကရင်ကိုကြည့်ရင်း ပါးစပ်ကိုပြန်မစိနိုင်တော့။ ဒီကလေးက ကိုယ့်စိတ်ကိုလာဆွနေတာ။ အဲလောက် စကားတတ်မယ်လို့မထင်ထားဖူး... ။ သေချာတယ် သူ မကြာခင်ချိတ်တော့မယ့် RS ဆိုတာ ငါ့ကိုပြောတာပဲ နေမှာ ။ ဟိ ဟိ!

ရွှန်းရွှန်းသည် ကိုယ့်ဘာသာ တစ်ယောက်တည်းတွေးရင်း တစ်ယောက်တည်း သာယာနေလေသည်။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now