Zawgyi Version
သူကြားမလား ဆိုပြီး စိတ်ထဲ ထင့်နေခဲ့ပေမယ့်
မကြားလောက်ပါဘူးဆိုပြီး ကလေးမရဲ့ စိတ်ကိုပဲ
အလေးထားပြီး နှစ်သိမ့်ပေးခဲ့လိုက်တာပါ ...ဆူး သိတာပေါ့
မှူးကို အရမ်းကြေကွဲမှာစိုးလို့ ကျွန်မ ချော့မော့ပြီး ပြောနေစဉ်မှာ အခန်းရဲ့ အပြင်က ခြေသံတစ်စုံကို ကြားဖြစ်အောင်
ကြားလိုက်ပါသည်။စိတ်ထဲက သူနာပြုဆရာမလို့ ထင်ပြီး ကျောခိုင်းရင်း လှည့်မကြည့်လိုက်ပေမယ့် ခဏကြာမှ သေချာအောင် ကြည့်တော့ အခန်းရှေ့ကနေ ရွှေ့ရင်း ထွက်ခွာသွားတဲ့
ယောကျာ်းတစ်ယောက်ရဲ့ ကျောပြင် ။မှူးရဲ့ အရှက်သိက္ခာတွေကို ကျွန်မအတတ်နိုင်ဆုံး
ကာကွယ်ပေးချင်ပါသည်။
ငိုကြွေးလို့ မောရင်း အိပ်ပျော်သွားတဲ့ မျက်နှာညိုညိုလေးက
တစ်ချက် တစ်ချက် ယောင်ယမ်းလို့ နေသည်။" သား " တဲ့ ....။
ဆူး ... မှူးကို လေးစားလာမိသည်။
အပြင်ပန်းက သူမရဲ့ မောင်ဆိုတဲ့ ကောင်လေး ဆုံးပါးတော့
သူမရဲ့ အရှက်တရားအရ ထိတ်လန့်ရင်း
ကလေးကို တာဝန်ယူဖို့
အကြောက်အကန်ငိုနေပေမယ့်
မှူးဟာ မိခင်စိတ်ရှိတဲ့ မိခင်လောင်းလေးပါလား...။ကျွန်မထုတ်ပြောမှ သိရပေမယ့်၊ ခဏအတွင်း ငိုမြည်းနေပေမယ့် သူမအိပ်ပျော်သွားတဲ့ အချိန်အတွင်းမှာတောင်
ကလေးကို ချစ်တဲ့ စိတ်က ယောင်ယမ်းပြီး ပေါ်လာသည်။
မှူးကို ကြည့်ရင်း ကျွန်မအမေကိုပါ သတိရလာသည်။
အမေ ကျွန်မကို ကိုယ်ဝန်ဆောင်တုန်းကရော
ဒီလိုလေး အိပ်ရင်း ယောင်ယမ်းဖူးသလားလို့ အမေ့ကို
ပြန်မေးဖို့ မေးခွန်းတစ်ခုရသည်။ရှေးလူကြီးတိုင်းပြောကြတာ ရှိသည်။
"မိန်းမတိုင်းဟာ ပျို ပျို အိုအို မိခင်စိတ်ရှိတယ်" ဆိုတဲ့ စကားဟာ သိပ်မှန်လေမလားပဲ ။
အခု မှူးရဲ့ ဝမ်းထဲက ကလေးဟာ သန္ဓေတည်စလေးမှာတောင် မှူးရဲ့ စိတ်က မိခင်စိတ်လေးက
ထင်းခနဲ ပေါ်ထွက်နေသည်။
YOU ARE READING
အရိပ်ဝေး
RandomThis fiction is totally intended for Girl Love with simply and lovely feelings . It can be said like my very first attempt in approaching language writing for LGBTQ. Yuri Fiction- Myanmar version Main Characters --Shin Sue Ni + May Paing Mhue #St...