Part (1)

14.7K 536 8
                                    


Zawgyi Version

" ရှင်​ဆူးနီ ရှိပါသလားရှင်
အလှည့်​ကျ ဝင်​လို့ရပါပြီ​နော်​ "

သူမကို အရည်​အချင်းစစ်​မည့်​ Oral​ test ဖြေရမယ့်​အလှည့်​ကို ​ရောက်​လာသည်​။
ထိုင်​ခုံမှ ထရင်း သူမရဲ့ အင်္ကျီကို ကျကျနနပြင်​ဆင်​ရင်း
တည်​ငြိမ်​​နေတဲ့ မျက်​နှာ​ပေါ် အပြုံး​ယောင်​​ယောင်​​လေး
တင်​ကာ ​ဖြေရမယ့်​ အခန်းတံခါးလက်​ကိုင်​ကို လှည့်​ဝင်​​လိုက်​သည်​။

နာမည်​ကြီး Presenter တစ်​ဦးရဲ့ training course ကို တက်​ရဖို့ အရင်​ oral ​ဖြေရသည်​။
ရှင်​ဆူးနီက စကားနည်းသည်​။
ပြုံးခဲ ၊ ရယ်​ခဲသည်​ ။
သို့​သော်​ ဝါသနာက presenter တစ်​​ယောက်​ဖြစ်​ဖို့။
စကားနည်း​သော​ကြောင့်​ ​သူမ​ပြောမည့်​စကားတိုင်းကို
ပြေပြစ်​လို၊ စကားအရာမှာလဲ တစ်​ဖက်​သားကို
နားယူသိမ်းသွင်းလိုသည်​။
သူမ ငယ်​ငယ်​တည်းက စကားနည်းလို့
ကျောင်းသူဘဝတစ်​​လျှောက်​ အ​ပေါင်းအသင်းဆိုတာနည်းသည်​။ လူ​တောမတိုးဘူးလို့လဲ ​ဆွေမျိုးနီးစပ်​တိုင်းက
ဝိုင်း​ပြောကြသည်​။

သူမ အတတ်​နိုင်​ဆုံး ​လေ့ကျင့်​ထားသမျှ​တွေအကုန်​ အိတ်​သွန်​ဖာ​မှောက်​​ဖြေခဲ့သည်​။
ဘွဲ့ရပြီးကတည်းက ပြင်​ပ course ​တွေ တက်​သည်​။
နေ့တိုင်း You tube မှာ speaking practice မှန်​သမျှ နား​ထောင်​ခဲ့သမျှ အဲ့အကျိုး​တွေက အခု အရာတစ်​ခု​တော့ ထင်​လိမ့်​မည်​ဟု ရှင်​ဆူးနီ ယုံကြည်​သည်​။

Oral ​ဖြေပြီးတာနဲ့ ​နေတဲ့ တိုက်​ခန်းဆီ ပြန်​ဖို့ ကားဂိတ်​မှာ ​စောင့်​​နေလိုက်​သည်​။
စီး​နေကျ အဲကွန်းဘတ်​စ်​ကား​ပေါ်တက်​ပြီး နားထဲ နားကြပ်​ထည့်​ပြီး ​​နေရာဖို့ပြင်​လိုက်​သည်​။

ကားမှန်​မှာ အ​ရောင်​​ပြေး​နေတဲ့ သူမဝတ်​ထားတဲ့ ပန်း​ရောင်
ရင်​​စေ့ခါးတိုနဲ့ ထမီပန်းေ​​ရာင်​ဗြောင်​​ပေါ်ဒူးနားချိတ်​လှိုင်းန၊ဲ့ ဆံပင်​နက်​နက်​ ခါးလယ်​အရှည်​ကို Pony tail လို စီး​နှောင်​ထားသည့်​ ပုံစံက ရှင်းသန့်​​နေသည်​။
သူမဒီ​နေ့ နည်းနည်းမြန်​မာဆန်​​နေသလို မိန်းက​လေးဆန်​​နေသည်​။
နှုတ်​ခမ်းမထူမပါး​ပေါ် တင်​ထားတဲ့ နှုတ်​ခမ်းနီ​ရောင်​ရယ်
ပါးနီနဲနဲသုံးထားတာ​ကြောင့်​ ​သွေးမျှင်​​ကြော​ပေါ်​နေသည့်​ မျက်​နှာက ပိုပြီး ကြည့်​​ကောင်းလွန်း​နေသည်​။
ဒီ​နေ့ပါပဲ ...​နောက်​​နေ့ ရှင်​​ဆူးနီဟာ ထမီအမဲ​ဗြောင်​​ပေါ်
ကြိုက်​ရာအင်္ကျီနဲ့ တွဲဝတ်​ပြီး ​လွပ်​လပ်​စွာ​နေတဲ့သူ။

အရိပ်ဝေး Donde viven las historias. Descúbrelo ahora