Part (20) Zawgyi

2K 81 44
                                    

အနှီမိန်းမသားငယ်လေးရဲ့ မျက်ရည်ကြည်တွေနဲ့ ဝပ်အိုင်လဲ့ဖြာနေတဲ့မျက်ဝန်းအစုံကို ငုံ့ဆိုင်းကြည့်ရင်း လူ့လောကမှ ငရဲခန်းလေးထဲမှာ ချစ်ခြင်းတရားနဲ့ အတိပူလောင်ပါစေဦး...
တူတူသာ ဆင်းသက်လိုက်ပေမည်....

စိုးထိတ်ဟန်မျက်နှာအရိပ်အယောင်တွေနဲ့
အားနာတဲ့စိတ် ၊ ပြစ်မှားမိလေခြင်းလို့ သူ့ကိုယ်သူ ပူလောင်မိနေတဲ့ ချာတိတ်မလေးကို
မိမိကရော.....?

‌ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ ဆိုရိုးရှိပေမယ့် ကိုယ်တကယ်ကူညီပေးပြီး သက်ဝင်သွားတာက လူသားတစ်ယောက်ရဲ့ နှလုံးသားနဲ့အတူ ရင်သွေးငယ်တစ်ဦး...
ဆူးက ကျေးဇူးရှင်အမည်ခံပြီး ရယူခြင်း‌တွေနဲ့ဟန်ဆောင်နေတယ်လို့ သူမ မြင်သွားမှာ
သူမရဲ့ မိသားစုက အထင်လွဲသွားကြမှာ
ပတ်ဝန်းကျင်က ဒီကောင်မလေးရဲ့ အတိတ်အပြင်လက်ရှိ ဆူးကြောင့် ပိုနစ်မွန်းသွားမှာ
တကယ် ကိုယ့်ရှိရင်းစွဲ ကျော်ကြားမှု၊ ဘာနဲ့မဆိုတိုင်းတာစရာ မလိုအောင် ကြောက်သည်။

မိမိကိုယ်ပွေ့ဖက်ထားတဲ့ချည်နှောင်မှုလေးမှာ
မိမိဘက်ကပဲ စစတွေ့ခြင်းတည်းက ဆွဲငင်ခံလိုက်ရသလို ရင်ခုန်မိတာကြောင့်
အခု ကိုယ့်ကို ဖက်ယှက်ထားတဲ့ လက်ကလေးတွေကို ဘယ်အင်အားနဲ့ ပယ်ချနိုင်မည်တဲ့လဲ?

"မှူး...ကလေးငယ်

မကို မော့ကြည့်ပါအုံးလား

မမပြောတာကို နားထောင်နော် ဟို...မကွယ်ရှက်တမ်းပြောရရင်
ငရဲကြီးမှာလည်းကြောက်ရှာတယ်ဆိုတဲ့ ကလေးမကို မမက အရမ်းချစ်နေမိတာ ဟင့်အင်း... သိပ်ကို ချစ်နေတာပါပဲ ကလေးရယ်"

မျက်ရည်တွေပိုးခနဲ ပေါက်ခနဲကျမိပြီး နှုတ်ခမ်းတွေက တုန်လာတဲ့အထိ သူမကိုဖွင့်ပြောရတာက ဆူးအတွက် တကယ်ကို လေးနက်လွန်းတာမလို့ ခက်ခဲပါသည်။

"အင်း.... ဒါတွေက ပထမဆုံးမှူးနဲ့တွေ့ခဲ့ရတည်းက ချစ်မိသွားတာကို မ ဝန်ခံပါတယ်
မ အတတ်နိုင်ဆုံး စောင့်စည်းခဲ့တာတွေမှာ မှူးဘက်က စပြီး ဖွင့်ပြောရသလို ဖြစ်သွားလို့ မှူးရဲ့ တန်ဖိုးတွေ ကျသွားတာမျိုး ဖြစ်ရင် မ တောင်းပန်ပါတယ်နော်...
မှူးကို တန်ဖိုးထားလွန်းလို့
မရဲ့ ပိုင်ဆိုင်လိုစိတ်ကြီးတစ်ခုကြောင့် ဘယ်လိုမှ စကားနဲ့တောင်
တန်ဖိုးကျသွားမှာစိုးလို့ စကားရိပ်တောင် မသန်းရဲခဲ့ဘူး ....
တောင်းပန်ပါတယ် ခလေးရယ်နော်...."

You've reached the end of published parts.

⏰ Last updated: Oct 28, 2021 ⏰

Add this story to your Library to get notified about new parts!

အရိပ်ဝေး Where stories live. Discover now