Ep-6

12.2K 755 29
                                    

#Unicode
မောင်စိုင်းကောင်းထက်ဇော် နှင့် မယွန်းဆုရည်ခိုင်
တို့၏ မင်္ဂလာဧည့်ခံပွဲ



(84)လမ်းမပေါ် ရှိ ဧဒင် ခန်းမရှေ့တွင်
Pre-Wedding ဓါတ်ပုံကြီးများကို သားနားခန့်ထည်စွာ နေရာယူထားစေပြီး ပုံထဲမှ နှစ်ယောက်ဟာဆိုရင်တော့ဖြင့် အပြုံးများစွာ...



"ဟဲ့...သား ခန်းမထဲမဝင်တော့ဘူးလား? မျက်နှာကြီးကိုပြင်ဦး အဲ့မျက်နှာကြီးနဲ့တော့ ဝင်မသွားနဲ့။ ဒါ သူများတွေမင်္ဂလာယူနေတဲ့အချိန်ဆိုတာလည်း သတိရဦး"



ဟုတ်သည်... မလိုက်ချင်သော ရွှေရေးကို အတင်းအကြပ် ခေါ်လာသော မေမေ့ကြောင့် ရွှေရေးရဲ့မျက်နှာကြီး သုန်မှုန်နေခြင်းသာ...



အထဲရောက်တော့ မေမေက ယွန်းဆုမ မိဘများနှင့် စကားဖောင်ဖွဲ့နေသဖြင့် ရွှေရေး ထောင့်ကျကျနေရာကို ရွေးကာ ရေခဲမုန့် တစ်ခွက်ပြီး တစ်ခွက် စားနေတော့သည်။



"မောင်လေးက လူချောလေးနော်"



"မဟုတ်တာ ကျွန်တော် မချောပါဘူးဗျ။ အစ်မတို့ကလည်း နောက်ပြီ"


"အစ်မကတော့လေ ဒီမင်္ဂလာဆောင် တစ်ခုလုံးမှာ မောင်လေးထက်ချောတဲ့သူ ခုထိမတွေ့သေးဘူး"



"ဟုတ်ပါပြီဗျာ ခဏနေ အစ်မတို့ဆီကို ရေခဲမုန့်များများ လာပို့ခိုင်းလိုက်ပါ့မယ်"



အံ့ဘုန်းတစ်ယောက် မင်္ဂလာပန်းကမ်းတဲ့နေရာမှ အပျိုတစ်သိုက်နှင့် စကားများဖောင်ဖွဲ့ကာ ပြုံးပျော်နေလေသည်။
ထို့နောက် အမှတ်မထင် အကြည့်တို့က ရေခဲမုန့်အား အငမ်းမရစားနေသော ကောင်လေးဆီသို့သာ...



ဆီအနည်းငယ်လိမ်းထားသော ဆံနွယ်ကောက်ကောက်ကလေးများက အခြားနေ့များထက် ထူးခြားစွာ ပိုမို တောက်ပြောင်နေကာ
စတစ်အမည်းလက်ရှည်ကလေးကို မခေါက်ထားပဲ
ခဲဖြူရောင်ပုဆိုးကွက်စိပ်နှင့် တွဲဖက်ဝတ်ထားသော
ရွှေရေးထက်အား စိုင်းအံ့ဘုန်းဇော် အတော်ကြာကြာ ငေးနေမိသည်။
စိတ်ရဲ့စေရာအတိုင်း အံ့ဘုန်းရဲ့ခြေလှမ်းတို့က
ထိုကောင်လေးဆီသို့ တရွေ့ရွေ့သွားနေလေသည်။



သနားခ်စ္(Completed)Where stories live. Discover now