Ep-10

11.7K 729 11
                                    

#Unicode
"ရွှေရေး နင့်မျက်နှာကြီးကို ပြင်ဦး။
ဂျပန်ခေတ်က ဗုံးမှန်ထားသလို ရှုံ့မဲ့မနေနဲ့"



အကျဉ်းရုံးသာလုပ်သော လက်ထပ်ပွဲကလေးမှာ မင်္ဂလာသတို့သားဖြစ်သော ရွှေရေးထက်အား ယွန်းဆုရည်ခိုင် အနည်းငယ်ပြင်ဆင်ပေးရင်း
သြဇာသီးရောင်းနေပေသည်။



"ယွန်းဆုမ နင်ဟာလေ... ကိုယ့်မောင်လေးလို၊ သူငယ်ချင်းလိုတန်ဖိုးထားရတဲ့ ငါလေး ဒီလိုဖြစ်တာကို စပ်ဖြီးဖြီးလုပ်ပြီး ပြုံးပျော်နေရသလား? မေမေကလည်း ငါ့ကို သူများလက်ထဲထိုးထည့်ပြီး သူလွတ်ရာကျွတ်ရာ တရားစခန်းဆီကို ရှောင်ပြေးတော့မယ်။
ငါ့ကို တစ်ကယ်ချစ်တဲ့သူ ဒီကမ္ဘာပေါ်မှာ မရှိဘူး"



ရွှေရေးထက် ရှိသမျှလူကို အကုန်အပြစ်တင်ကာနေတော့သည်။



"မောင်ရှိပါတယ်နော်..."



ဘယ်အချိန်က ရောက်နေမှန်းမသိသော စိုင်းအံ့ဘုန်းဇော်သည် ရွှေရေးထက်နံဘေး ဒူးထောက်ကာ အချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံးပြနေလေသည်။



"နေရာတကာကိုပါတယ်။ သူများစကားပြောတာကို ခိုးနားထောင်တတ်တဲ့အကျင့်လဲရှိတာပဲလား?"



ဘယ်ဘဝကရေစက်မှန်းမသိ စိုင်းအံ့ဘုန်းဇော်အား
မြင်တာနဲ့ကို ရွှေရေး ဘုကလန့်ပြောလိုက်ရမှ စိတ်ချမ်းသာသည်။



"ရွှေရေး ဒီနေ့က နင်တို့နှစ်ယောက်အတွက် အရေးကြီးတဲ့နေ့နော်။လူတွေလည်း စုံလင်နေမှာ။
ဒီနေ့တစ်နေ့လေးတော့ ငါ့မတ်ကလေးအပေါ်မှာ
ကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ ငါတောင်းဆိုပါတယ်"



မျက်နှာပြောင်တတ်သော မတ်ကလေးနှင့်
စိတ်ဆတ်သူ သူငယ်ချင်းတို့နှစ်ယောက် ရန်ပွဲဆင်နွှဲရမည့်အဖြစ်ကို မမြင်ချင်တာမို့ ယွန်းဆုရည်ခိုင် ဖြန်ဖြေရေးလည်း လုပ်ရသေးသည်။



"တအားကို အမျိုးချစ်နေ ယွန်းဆုမရေ... ငါ ဒီနေ့တစ်နေ့တော့ သည်းခံလိုက်မယ်"



ထို့နောက် ဘုန်းကြီးဆွမ်းကပ်ဖို့ အံ့ဘုန်းခေါ်ဆောင်ရာ လိုက်ပါသွားရတော့သည်။



သနားခ်စ္(Completed)Место, где живут истории. Откройте их для себя