ရွှေရေး ဆက်တိုက်ခေါ်နေသောဖုန်းကို ကိုင်လိုက်သည်။



"ဘယ်က အလေနတ်တော အလုပ်မရှိအကိုင်မရှိတွေလဲ? သူများဖုန်းကို သေမလို့ မကိုင်မချင်းခေါ်နေတာလား? အားယားနေတာလားဟ"



"ဟ ဖြေးဖြေးပြောပါဟ။ မင်းလေးက တအားအပေါက်ဆိုးတာပဲ"



စိုင်းအံ့ဘုန်းဇော် တစ်ဖက်မှအသံကြားကြားချင်း ပြုံးလိုက်မိသည်။သူ့အတွက်တော့
နားထဲကို ပျားရည်ပုန်းလိုက်လောင်းထည့်လိုက်သကဲ့သို့
ချိုမြိန်နေ၍လား မသိပေ။



"ေ-ာကို မင်းလေးပါ့လား? ပြော ဘယ်သူလဲ သေမလို့ဖုန်းနေဆက်နေတာလား?"



တစ်ဖက်မှ စိတ်ဆိုးမာန်ဆိုးအသံကို ကြားလေလေ
စိုင်းအံ့ဘုန်းဇော် သဘောကျလေလေဖြစ်သည်။
အရင်ကောင်မလေးတွေတုန်းကဆို ချွဲအီနေကြတာနဲ့ ပျင်းဖို့အရမ်းကောင်းလွန်းသည်တဲ့လေ။



"မင်းလေးကို မောင် ကူညီထားတာလေကွာ။ လမ်းမှာကလေးတစ်ယောက်လိုအာဗြဲကြီးနဲ့ အော်ငိုတဲ့ကောင်လေးက ဘယ်သူပါလိမ့်နော်"



"သြော်...မင်းကိုး...။ငါ့အိမ်လိပ်စာနဲ့ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲပြော?"



"မင်းလေးက အတော်ပိန်းတိန်းနေတာပဲကွာ။
အသက်ကြီးတာ သေမလို့ကြီးတာလား?
မင်းလေးရဲ့အိမ်ကိုလိုက်ပို့ခိုင်းတဲ့ Driverက မောင့်အိမ်က Driver။ပြီးတော့ မင်းလေးရဲ့အိမ်ပြန်မရောက်ခင်မှာပဲ ဖုန်းနံပါတ်ရအောင်ယူခိုင်းလိုက်တာလေ။ ဘယ်လိုလဲ? မောင် တော်တယ်မလား?"



ဟုတ်သည်။ လမ်းတစ်ဝက်အရောက်မှာမှ
သူ့ဖုန်းအထားမှားနေ၍ ရှာချင်သည်ဟုဆိုကာ ရွှေရေးဖုန်းဖြင့် Driverဦးလေးကြီးက သူ့ဖုန်းအား ခေါ်ဆိုခဲ့သည်ကို ခုမှပြန်စဉ်းစားမိလေသည်။



"ေ-ာကိုမောင်ပါ့လား? အေး... မင်း ငါနဲ့အပြင်မှာထပ်မတွေ့အောင်နေ။ ထပ်တွေ့လို့ကတော့ မင်းဖင်ကို ပိတ်ကန်ပစ်မှာ"



ရွှေရေး ပြောချင်ရာတွေပြောပြီး ဖုန်းချပစ်လိုက်တော့သည်။



စိုင်းအံ့ဘုန်းဇော် ရွှေရေးရဲ့အခန်းမီးပိတ်သွားမှ
ကားမောင်းကာ ထွက်လာတော့သည်။








သနားခ်စ္(Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα