"ငါ ဘယ်လိုလုပ်ရမလဲ???အရမ်းတုန်နေတယ် လူက??? ဘယ်လိုလုပ်ရမလဲ???ဘယ်လိုနေရမှာလဲ သူ့ကိုဘယ်လိုခေါ်ရမှာလဲ"

"Lee Taeyong!! ကယောင်ကတမ်းနဲ့ လျှောက်ပြောမနေနဲ့! အခု စိတ်အေးအေးထား! ဒီပွဲကအေးအေးဆေးဆေးပြီးသွားမှာ။ အခုငါတို့လည်းသွားပြီ။ ခဏနေမင်းကိုခေါ်ရင်သေသေချာချာထွက်ခဲ့"-Doyoung

Doyoungကပြောသာ ပြောသွားတယ်။ သူပြောသွားတာတွေ ကျနော်ကြားတာ တစ်ဝက်သာသာပဲ။
သူတို့၂ယောက်လည်းထွက်သွားရော ကျနော်ပဲကျန်နေခဲ့တယ်။ ဘယ်လိုလုပ်ရမလဲ? ဘယ်လိုထွက်သွားရမှာလဲ??

*သတို့သား Lee Taeyong နေရာယူပေးပါ*

Ahhh!!! ကျနော့်ကို ခေါ်နေပြီ။ မနက် ဒီကိုစရောက်ကတည်းကိုက အပြင်ကိုလုံးဝမထွက်ထားဘူး၊ နှုတ်လည်း မနှုတ်ဆက်ထားဘူး။ ဘယ်သူတွေရှိနေလဲဆိုတာလည်း မသိဘူး

စိတ်အေးအေးထားလိုက်ပြီး တံခါးကိုဖြည်းဖြည်းလေးဆွဲဖွင့်လိုက်တော့ ခန်းမထဲမှာ ရှိတဲ့လူတွေအကုန်လုံးရဲ့အကြည့်တွေက ကျနော့်ဆီမှာ!

လှေကားထစ်ကိုတစ်ထစ်ချင်းဆင်းသွားရင်းနဲ့ နောက်ဆုံးတော့ လျှောက်လမ်းပေါ်ကို ရောက်သွားခဲ့ပြီ။
ကျနော့်မှာ ဘယ်ဘက်ကိုမှလှည့်ပတ်မကြည့်ရဲဘူး။ အောက်ကြီးကိုသာငုံ့ပြီးဆက်လျှောက်နေလိုက်တယ်။

လျှောက်ရင်းနဲ့ ဖိနပ်တစ်စုံကိုတွေ့လိုက်ရတော့မှ ကြည့်လိုက်တော့ ကျနော့်ရဲ့ လူကြီးက အလှပဆုံးပြုံးပြပြီး ကျနော့်ကို ကြိုဆိုနေတယ်။

သူက အရင်လက်ဖြန့်လိုက်ပြီး ကျနော့်လက်ကိုတောင်းတယ်။ ကျနော်လည်း သူ့လက်ကိုအမြန်တွဲလိုက်ပြီး စင်ပေါ်ကိုတက်သွားလိုက်တယ်

*သတို့သား Jeong Jaehyun.. သတို့သား Lee Taeyongကို တစ်သက်လုံး မညည်းမညူဘဲ ပေါင်းသင်းနိုင်ပါသလား*

"ဟုတ်ကဲ့"

ကျနော့်ရဲ့လက်နှစ်ဖက်ကိုတင်းကြပ်နေအောင် ကိုင်ထားပြီး ကျနော်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြောနေတယ်

*ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ သတို့သားLee Taeyong၏ ဘေးတွင်နေနိုင်သွားမည်လော*

Uncle Jae (Complete)Where stories live. Discover now