တကယ်တော့ ကျနော်လည်း ကျနော့်ကိုကျနော် မယုံဘူးရယ်..သူ့ကို surpriseဖြစ်စေချင်လို့သာ ကိုယ်တိုင်မောင်းပြီး ခေါ်လာခဲ့တာ

ကျနော်ခေါ်သွားခဲ့တာက သူတို့တက္ကသိုလ်ရဲ့ dance roomလေး~~~ သူ့အပေါ်ထားတဲ့ ကျနော့်ရဲ့အချစ်တွေ စခဲ့တဲ့နေရာလေးပေါ့

"ကဲ အခုကစပြီး ကလေး မမြင်ရအောင်လို့ ပဝါနဲ့စည်းထားမယ်နော်"

ကားပေါ်ကတောင် မဆင်းဘဲ ကျောင်းအဝင်ဝရောက်ရောက်ချင်းကတည်းကိုက သူ့ကိုပိတ်ထားဖို့လုပ်လိုက်တယ်။ ဒါပေမယ့် သူက တွန့်ခနဲဖြစ်သွားပြီး ကျနော့်လက်ကို လာကိုင်ပြီး တားတဲ့ပုံစံမျိုးလေးလုပ်တယ်

"ဦး..ဦးဂျယ် နေကောင်းတာမှ မကြာသေးဘူးနော်..ဒါ ဒါဘာလုပ်တာလဲ"

"ဘာလုပ်လို့လဲ? မျက်စိကို ပဝါနဲ့စည်းပြီးခေါ်သွားမလို့လေ"

သြော်..ဒီလိုနဲ့ပဲ ငါ့အကြံအစည်တွေတော့ ပေါ်ကုန်တော့မှာပဲ

"ကျ..ကျနော်က ဒါမျိုး အတွေ့အကြုံမှမရှိတာ.."

"ကလေး  ဘာတွေပြောနေတာတုံး"

ကြည့်ဦး လက်တွေတောင် တုန်နေပြီ။ ဒီဟာလေး ဘာဖြစ်နေတာလဲ

"အခု ဦးဂျယ်က...ကျနော့်ကို...."

"အင်း! ဆက်ပြော!"

ကျနော့်သူ့ကို တည့်တည့်စိုက်ကြည့်နေပေမယ့် သူကတော့ အကြည့်တွေကိုရှောင်ရင်းနဲ့ပဲ ဆက်ပြောနေတယ်

"ကျနော့်ကို......bdsmလုပ်မလို့ခေါ်နေတာမဟုတ်ဘူးလား"

"Hahahahahahaha"

ကျနော်အော်ရယ်မိတော့ ကျနော့်ကိုလာကြည့်တဲ့ သူ့ရဲ့အရိုးသားဆုံးမျက်လုံးလေးတွေ။ ချစ်လိုက်တာ ဒီကောင်လေးကို

"ကလေးရာ~~"

ကျနော့် သူ့ခေါင်းလေးကို ပုတ်လိုက်တော့ အူကြောင်ကြောင်လေးနဲ့ လာကြည့်နေပြန်တယ်

"ဦးဂျယ်က ဘာလို့အဲ့လိုလုပ်ရမှာလဲ? ကိုယ်က ကိုယ့်ကလေးလေးကို ဒီလောက်တန်ဖိုးထားတာကို။ ဘာလဲ? ကလေးက အဲ့လိုလုပ်စေချင်လို့လား?? ကြမ်းတာမှသဘောကျတာလား"

"ဦးဂျယ်!!!!! ကျနော် အမြင်ကတ်လာပြီနော်!!"

"Hahahah ဘာလို့များအဲ့လိုတွေတွေးရတာလဲ? လာ! ကိုယ့်နောက်သာလိုက်ခဲ့တော့။ အဲ့ပဝါလည်း စည်းမနေနဲ့တော့"

Uncle Jae (Complete)Where stories live. Discover now