ဒီနေ့လည်း ကျနော့် သူ့ခုတင်ဘေးမှာ သူ့လက်ကိုကိုင်ရင်းနဲ့ပဲ အိပ်လိုက်တယ်

"Good night~~ဦးဂျယ်"

                                       ~~~

မနက်ခင်းကိုရောက်နေပြီလား? ကျနော့်အမြင်တွေက အရမ်းလင်းပြီး စူးနေတာပဲ။ ကျနော့်ခေါင်းကိုလည်း တစ်ယောက်ယောက်က လာကိုင်ပြီး သပ်လိုက် ဖွလိုက်နဲ့။
အားယူပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်တော့

!ဦးဂျယ် နိုးနေတယ်!

ကျနော် မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကြည့်တော့ ပြန်ရယ်ပြနေတယ်။ အရှင်ဘုရား...ဒါ အိပ်မက်မဖြစ်ပါရစေနဲ့

"ကလေး.. ကိုယ် ရေဆာလို့"

ရေတဲ့! ရေတောင်းနေတယ်!!

ကျနော်အမြန်ပဲ ရေခွက်ထဲရေထည့်ပြီး သူ့ကိုပေးလိုက်တော့ ကျနော့်လက်တွေတောင်တုန်နေတယ်။
တကယ်ရော ဦးဂျယ် ဟုတ်ရဲ့လား? အခုက အိပ်မက်မဟုတ်ဘူးလား? ခံစားနေရတာ ဘယ်လိုကြီးလဲ? ဒါတွေအကုန်လုံးက တကယ့်အစစ်မဟုတ်တဲ့ အတိုင်းပဲ!

ရေကို အားရပါးရသောက်နေတဲ့ ဦးဂျယ်ကို ကြည့်ရင်း ကျနော် အတွေးပေါင်းများစွာ ချဲ့နေမိတယ်။နာရီကို တစ်ချက်ကြည့်လိုက်တော့ မနက် ၂နာရီခွဲ။ ဘေးဘီကိုကြည့်လိုက်တော့လည်း ကျနော့်ရဲ့ စာတိုလေးတွေထည့်ထားတဲ့ ပုလင်းဟာ အလွတ်ဖြစ်သွားပြီး အထဲက စာရွက်လေးတွေကလည်း စားပွဲပေါ်မှာ ပြန့်ကျဲနေတယ်။

ရေသောက်ပြီးသွားလို့ ကျနော့်ကို အကြာကြီး လာစိုက်ကြည့်နေတဲ့ ဦးဂျယ်။

"လာလေ"

သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ကျနော့်ကို ခေါ်နေဟန်လုပ်နေတယ်။
ပထမတော့ ကျနော် တုန့်ဆိုင်းနေမိတယ်။
ဒါဟာ ဦးဂျယ် အစစ်ရောဟုတ်ရဲ့လား? တကယ့်ဦးဂျယ်ဆိုရင်ရော ဒါဟာ အိပ်မက်ကြီးလား?

တွေးနေရင်းနဲ့ပဲ ကျနော် သူ့ရင်ခွင်ထဲကို ရောက်သွားခဲ့တယ်။

နွေးထွေးလိုက်တာ...
ဘယ်လောက်တောင် ကြာနေပြီလဲ ဒီလိုအငွေ့အသက်!
ဒါ တကယ်ရော ဟုတ်ရဲ့လား? တကယ့်လက်တွေ့မှာဖြစ်နေတာရော ဟုတ်ရဲ့လား?

Uncle Jae (Complete)Tahanan ng mga kuwento. Tumuklas ngayon