"အခု ငါခိုင်းတာ လုပ်ရင် မင်းကို ခွင့်လွတ်မယ် "

ရှင်းလေး၏ အပြောကြောင့် ချမ်းမြေ့ကိုကို၏
မျက်လုံးလေးတွေသည် အကြောက်လွန်နေသည့်
ကြားကပင် မျော်လင့်ချက်ရောင်ခြည် အနဲငယ်
သန်းလာသယောင် မော့ကြည့်လာသည်။

" ငါ ...ဘာလုပ်ပေးရမှာလဲဟင် "

တုန်ရီ အားငယ်စွာ ထွက်လာသော ချမ်းမြေ့၏ လေသံတိုးတိုးလေး ။

" ဒီပေါ်ကနေ အခု ခုန်ချပြ "

" ဘယ်လို ... "

မထင်မှတ်ထားသော စကားကြောင့် ချမ်းမြေ့၏
မျက်နှာလေးသည် ကြိုးမိန့်ပေးခံရသည့် တရားခံ
တစ်ယောက်လို ရုတ်ချည်း ငြိူးငယ်သွားသည်။

ထို့နောက်ရှင်းလေးကို တောင်းတောင်းပန်ပန်
ကြည့်ကာ

"ရှင်းလေး အဲလိုရက်စက်တော့မှာလား ငါ
သေသွားရင် ဘယ်လိုလုပ်မလဲ "

" မင်းအပြစ်နဲ့မင်းခံလေ "

"ငါ့ကို သတ်ချင်လည်း အပြင်ရောက်မှ ဓါးနဲ့ဘဲ
ဖြစ်ဖြစ်ထိုးသတ်ပါလားကွာ အဲလို အမြင့်ပေါ်က
ပြုတ်ကျရင် မားမွေးပေးထားတဲ့ ငါ့ မျက်နှာလှလှ
လေး ရုပ်ပျက်ဆင်းပျက် မရှုမလှကြီး အမလေး
တွေးနေရင်းတောင် ကြက်သီးထတယ် "

ရှင်းလေးသည် ကြောက်နေသည့်ကြားမှပင်
ပုခုံးကလေးတွန့်ရင်းစကားလာများပြနေသော ချမ်းမြေ့ကို ဘာမှပြန်မပြောပဲ စူးစူးစိုက်စိုက်သာ ကြည့်နေလေသည်။

တကယ်ဆို သူ ကိုယ်တိုင်အာ့လောက် မရက်
စက်ပါ ..။ အမြင့်ကြီးမှာ တံခါးဖွင့်လိုက်ရင်
အန္တရာယ် များသည်ဆိုတာလည်း သိသည်။

သို့သော် ချမ်းမြေ့ကို တမင်ပညာပေးချင်သဖြင့်
အခြေအနေကိုကြည့်ကာ သူတို့စီးလာသော
ရဟတ်အိမ်လေးသည် မြေပြင်ကိုရောက်လုနီးပါး
ဖြစ်မှ တံခါးကို တွန်းဖွင့်လိုက်ခြင်း...။

ပြီးတော့ ရဟတ်ကလည်း ဖြေးဖြေးလေး သာ
လည်တာမို့ ထင်သလောက်ကြီးလည်းမဟုတ် ။
ချမ်းမြေ့ကိုက အကြောက်လွန်နေတာ ။

The Dimple On His Cheek ( Completed ) Z+UWhere stories live. Discover now