မျက်​ရည်​​တွေကျပြီး​ဒေါကြီး​မောကြီး​အော်​ဟစ်​​ပြော၍အ​ပေါ်ထပ်​သို့​ပြေးတက်​သွားသည့်​ Byunnee ​ကျောပြင်​ကိုကြည့်​ကာဝမ်းနည်းမိသည်​ ။ Byunnee ရင်​ထဲမှာဘယ်​​လောက်​အထိမီး​တောက်​​နေလိုက်​မလဲ ဘယ်​​လောက်​အထိခံစား​နေလိုက်​ရမလဲ ။ ကျွန်​​တော်​က၀မ်းနှင့်​လွယ်​ပြီး​မွေးထားရတဲ့ဖခင်​မို့​မေးစရာမလိုပဲသားမျက်​နှာကြည့်​ယုံနှင့်​သိနိုင်​သည်​ ။ ဒါ​ပေမယ့်​သားကိုအိပ်​​ထောက်​သည်​ဘ၀မ​ရောက်​​စေချင်​​သေးတာအမှန်​ လူပျိုဘ၀​လေးကိုတန်​ဖိုးရှိရှိကုန်​ဆုံး​စေချင်​မိသည်​ ။ သားရဲ့လွတ်​လပ်​မှု့​တွေကို စာချုပ်​စာတမ်း​တွေနှင့်​ချုပ်​​နှောင်​ပြီးအိမ်​​ထောင်​သည်​ဆိုတဲ့နာမ်​စားကြီးကမျဉ်းထိုးလို့်​မချုပ်​​နှောင်​ချင်​ပါ။ သားကထို​ဘောင်​အတွင်းထဲကိုမှခုန်​​ကျော်​၀င်​လာချင်​​နေ​တော့လဲ ။

' လူကြီး သား​လေးသနားပါတယ်​´

ဆိုဖာ​ပေါ်တွင်​​ခြေချိတ်​ထိုင်​၍သတင်းစာအဖတ်​မပျက်​သူက လူကြီး ။ Byun BaekHyun တို့ကသာရင်​ထဲ​တောမီး​လောင်​သည်​ထပ်​အ​ကြောင်းဆိုး​နေတာ သူက​တော့တရားရ​နေသည့်​သူ​တော်​တစ်​ပါးလို့အငြိမ်းစားရ​နေသည်​ ။

' လူကြီး !!!!´

' အားရှီး အသည်းပြုတ်ကျသွားပါဦးမယ်​ Baby ရယ်​​ဖြည်းဖြည်း​အော်​ပါ´

'ဖြည်းဖြည်း ​အော်​​တော့လူကြီးကအဖက်​လုပ်​လို့လား´

ဝဲဘက်​ရင်​အုံကိုဖိ၍အပိုလုပ်​ကာ​​ယောင်​ပြ​နေသည့်​လူကြီး ။ အမြင်​ကပ်​ဖို့​ကောင်းလိုက်​တာ မုန်းစရာကြီး။

'အခု အဖက်​လုပ်​ပြီ​ပြော​တော့´

'Byunnee ​လေးတို့ကိုလက်​ထပ်​​ပေးကြရ​အောင်​´

လူကြီးထိုင်​​နေသည့်​ဆိုဖာ​ဘေးတွင်​၀င်​ထိုင်​ကာ လူကြီးရင်​ခွင်​ထဲသို့တိုးဝင်​ကာလူကြီး၏ခါး​လေးကိုဖက်​တွယ်​ရင်း။

'baby သားကိုအရမ်းအလိုမလိုက်​နဲ့ ဒါအလိုလိုက်​ရမယ့်​အ​ခြေအ​နေမဟုတ်​ဘူး အလိုလိုက်​ရမယ့်​​နေရာမဟုတ်​ဘူး´

{ Infinitely Loved } (Complete)(zawgyi & Unicode)Where stories live. Discover now