အခန်း၁၈- သြရိုမန်

Start from the beginning
                                    

"ငါယုံယုံမယုံယုံ... သြရိုမန်ဟာ မီနာရိမ်းန်ကို ကြွေခဲ့တယ်ဆိုတဲ့ အချက်ကတော့ အမှန်ပဲလေ..."

Bob: "ကောင်းပြီလေ..."

ငါ့ခေါင်းထဲက ရူးကြောင်ကြောင်အသံဟာ ပင်ပန်းစွာ သက်ပြင်းချလိုက်လေတော့တယ်...

Bob: "ငါမင်းကို ဒီပွဲအတွက် ၁သောင်းပေးမယ်..."

"၁သောင်းလား??? ဒါကတော့ ___..."

Bob: "ဂိမ်းကို ဆယ်လပဲကစားပြီးတော့ ဒါတောင်တော်တော်များနေပြီ... မီနာရိမ်းန်သေပြီး ဖြစ်တာတွေကိုသာ တွက်ရင်ဒါဟာ မင်းနဲ့ထိုက်တန်တာထက်ကို များနေတာပဲလေ..."

မီနာရိမ်းန် သေဆုံးပြီးနောက်မှာတော့ ငါဟာ ဇာတ်သိမ်းကို သိခွင့်ရလေတော့တယ်... ရူးသွပ်နေတဲ့ အက်ရှ်လီဂျိုင်းလ်ကို ကျောင်းရဲ့ လုံခြုံရေးတွေဟာ ဖမ်းမိသွားလေရင်း သူမ သြရိုမန်ကို ငိုယိုကန်ကျောက်နေတဲ့ နေရာကနေ ဆွဲထုတ်သွားကြလေတော့တယ်... သူမဟာ တခြားကျောင်းသူတစ်ဦး(မီနာ) ကို သတ်မိခဲ့ရုံသာမက သူမရဲ့ သရုပ်မှန်ဟာလည်း ပေါ်သွားခဲ့လေတယ်... သူမရဲ့ မိဘတွေဟာ ချက်ချင်းအကြောင်းကြားခံလိုက်ရပြီး တစ်ကမ္ဘာလုံးဆီက ဝေဖန်ပြောဆိုခံရလေတော့တယ်...

ဘယ်မိဘကများ သူတို့ရဲ့ သမီးကို သူတို့ရဲ့ အမွှာအစ်ကိုနေရာမှာဟန်ဆောင်ဖို့ အတင်းတွန်းအားပေးပါ့မလဲ??? ဒါ့အပြင် သူတို့ဟာ သူတို့သမီးငယ်ရဲ့ စိတ်အခြေအနေနဲ့ လှည့်စားတတ်ခြင်းကို လုံးဝ သတိမမူမိခဲ့ကြလေဘူး... သူတို့သတိထားမိသွားချိန်မှာတော့ ဥပဒေဟာ သူမ လုပ်ခဲ့သမျှကို တာဝန်ယူဖို့အတွက် အလွတ်မပေးလေတော့ဘူး... အက်ရှ်လီဂျိုင်းလ်ဟာ ဥပဒေအရ ငယ်ရွယ်နေသေးသော်ငြား သူမရဲ့ မိဘတွေကတော့ ဝေဖန်ပစ်တင်မှုတွေကို တောက်လျှောက်ခံရလေတော့တယ်...

မီနာ့ရဲ့သေဆုံးမှုဟာ တခြားကျောင်းသားတစ်ဦးကြောင့်မှန်း သိသွားတဲ့ မိနာ့မိဘတွေကတော့ ပါဝင်ပတ်သတ်သူအားလုံးကို လိုက်လံဖော်ထုတ်လေတော့တယ်... သူတို့ရဲ့ သမီးငယ်ကို ကာကွယ်ပေးဖို့ လစ်ဟင်းခဲ့တဲ့ကျောင်းကိုရော၊ မီနာ့ကို သေစေအောင် တွန်းချလိုက်တဲ့ အက်ရှ်လီဂျိုင်းလ်ကိုရော လိုက်လံဖော်ထုတ်တော့တာဖြစ်လေတယ်...

5. ဒုတိယ ဇာတ်လိုက်အားရွေးချယ်ခြင်း ARC-3 (သြရိုမန်)Where stories live. Discover now